ကယား (ကရင်နီ) ပြည်နယ်၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေး ရဲဘော်တွေထံက သိရပါတယ်။
ဩဂုတ်လ ပထမပတ်က ဖြစ်ပွားခဲ့တဲ့ ဖားဆောင်းနဲ့ မယ်စဲ့မြို့ကြားက ကျောက်စုရွာတိုက်ပွဲအတွင်းလက်နက်နဲ့ ကျည်၊ခဲယမ်း ထောင်နဲ့ချီ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာလည်း လက်နက်၊ ကျည်၊ခဲယမ်းအများအပြားကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့တာပါ။
ဒါ့အပြင် ကျောက်စုကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် (၁၀) ဦးထက်မနည်း သေဆုံးပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် မြေပြင်အင်အားထောင်ချီသုံးကာ အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို လည်း စစ်ကောင်စီက ပြုလုပ်နေတာပါ။
Era’sEye/News