နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့က ဗိုလ်နဂါးကို လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် NUG သမ္မတရုံးက စာထုတ်ပြန်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့က MRDA ခေါင်းဆောင် ဗိုလ်နဂါးကို လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် ဒီကနေ့မှာ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ မြေပြင်တော်လှန်ရေးခေါင်းဆောင်တွေကို အသိအမှတ်ပြုခြင်းနဲ့ တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုကို အခြေတည်ကာ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့က မေလ (၂)ရက်နေ့မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting ကတဆင့် လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။


အဲ့ဒီလို တွေ့ဆုံခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တွေ စစ်ဒေသအလိုက် တည်ဆောက်ထားတဲ့ Chain of Command (COC) မှာ ပါဝင်ဆောင်ရွက်ဖို့နဲ့ NGU က မြေပြင်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ယန္တရားတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးအလွန်ကာလမှာ အကောင်အထည်ဖော်ရမယ့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်တွေမှာ လက်ခံပါဝင်ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို အလေးထားပြောဆိုခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့အနေနဲ့ အထက်ပါ ဆွေးနွေးချက်တွေကလွဲပြီး အခြားမည်သည့်ဆွေးနွေးချက်၊ သဘောတူညီချက် တစ်စုံတစ်ရာ လုံးဝမရှိခဲ့ဘူးလို့ NUG သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 13 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 13 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 13 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်အနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 12 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခမ်းအနားမှာ NUG အနေနဲ့ ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး