၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ခေတ်မျတ်လုံး။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ထောက်ပို့ င်္ဘောကိုးစီးကို သိမ်းယူနိုင်ခဲ့တယ်လို့ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) တပ်မဟာက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ကုန်တင်ရေယာဉ်နှစ်စီးနဲ့ နိုဝင်ဘာ ၉ ရက်မှာ တွန်းသင်္ဘော ခုနစ်စီးကိုသိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
ထောက်ပို့သင်္ဘောပေါ် က ဒီဇယ်ပေပါ ၁၀၀ခန့်၊ သစ်လုံးရေ ၂၀၀ ခန့်၊ကား သုံးစီး၊ ဆိုင်ကယ်ငါးစီးနဲ့ စက်ဘီးတစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊၂၂၊၂၃) ဖြစ်သော KLG PDF နဲ့ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊ KGအဖွဲ့၊ ဘိုးတော်နီအဖွဲ့နဲ့ ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။