နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆော်ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်လာခြင်းသည် ပါလက်စတိုင်းတွေကို ကယ်တင်ဖို့အတွက်ဟု အီရန်သမ္မတ ပြောဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ရီရတ်၊ ဆော်ဒီ။

ဆော်ဒီမြို့တော် ရီရတ်တွင် အာရပ်ခေါင်းဆောင်များ၏ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့်ပတ်သက်၍ အဓိကထိပ်သီးတွေ့ဆုံဆွေးနွေးအဖြေရှာရန် ပြုလုပ်သည့်ပွဲတွင် အီရန်သမ္မတ အီဗရာဟင်ရိုက်ဆီ ပါဝင်တက်ရောက်ခဲ့ပြီး ထိုဆွေးနွေးပွဲမှ ပဋိပက္ခကို အဆုံးသတ်ရန် ဖိအားပေးခဲ့သည်။ အီရန်သမ္မတသည် မတ်လတွင် ဆော်ဒီနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် ၁၁ နှစ်အတွင်း အီရန်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ် ဖြစ်သည်။ သူသည် ဆော်ဒီအာရေဗျ၏ ဆော်ဒီထီးနန်းဆက်ခံမည့် အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာလ်မန် (MBS) နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ကျွန်ုပ်တို့ အစ္စလာမ့်ကမ္ဘာရဲ့ အာရုံစိုက်မှုကို ဆွေးနွေးဖို့ ဒီနေ့ ဒီနေရာမှာ စုရုံးပြီး ရောက်ရှိလာ ကြတာဖြစ်တယ်။ ဘာအကြောင်းအရာလဲဆိုရင် ပါလက်စတိုင်းတွေရဲ့ အရေးကိစ္စပဲ ဖြစ်တယ်။ သမိုင်းမှာ အဆိုးရွားဆုံး ရာဇဝတ်မှုတွေကို ကျွန်ုပ်တို့ မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရပြီ။ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်ပြီး သူရဲကောင်းပီသစွာ အယ်ကွာဆာဗလီကြီးကို ကာကွယ်ထောက်ပံ့ကြမယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့သည်။

အီရန်သမ္မတ အီဗရာဟင်ရိုက်ဆီက ဂါဇာ၏ အဖြစ်အပျက်သည် “ ဝင်ရိုးစွန်းနှစ်ခုအကြားတိုက်ပွဲ” ဖြစ်ပြီး ကမ္ဘာကြီးသည် မည်သည့်ဘက်တွင် ရပ်တည်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်၊ “ မြင့်မြတ်တဲ့ဘက် ဒါမှမဟုတ် လူ့မျိုးဆက်တွေကို ဖျက်ဆီးတဲ့ဘက်” ကို ကမ္ဘာက ဆုံးဖြတ်ရမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် အစ္စရေး၏ ထိုးစစ်ကို ထောက်ခံသည့်အတွက် အီရန်သမ္မတက ဝေဖန်ခဲ့ပြီး ဝါရှင်တန်သည် “ဤရာဇဝတ်မှုများတွင် အဓိက ပါတနာဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။ ၎င်း၏ အဖွင့်အမှာစကားတွင် ဆော်ဒီအိမ်ရှေ့မင်းသားက ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားသည့် စစ်ပွဲကို နိုင်ငံတော်က ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်။ “ဒီထိပ်သီးအစည်းအဝေးကို ထူးခြားပြီး နာကျင်စရာကောင်းတဲ့ အခြေအနေတွေအောက်မှာ ကျင်းပနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ပါလက်စတိုင်းမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေအပေါ် ရောက်နေတဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ပစ်ဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။” ဟု ပြောခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဌ မာမွတ်အဘတ်စ် (Mahmoud Abbas) က အမေရိကန်သည် အစ္စရေးအပေါ် သြဇာအရှိဆုံးဖြစ်သောကြောင့် နိုင်ငံရေးအရ ဖြေရှင်းပေးမှု မရှိခြင်းအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ ဆီးရီးယားခေါင်းဆောင်လည်း တက်ရောက်ခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ အင်အားအပြင်းထန်ဆုံး အရံတပ်ဖွဲ့များထဲမှ ဟစ်ဇ်ဘိုလာအဖွဲ့သည် စစ်ပွဲတွင် ကြမ်းတမ်းသော ကစားသမားတစ်ဦး ဖြစ်လာနိုင်ပြီး ဒေသတွင်း ပဋိပက္ခကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေနိုင်သည်ဟု ခန့်မှန်းမှုများကြားတွင် ထိပ်သီးအစည်းအဝေးသို့ အီရန်သမ္မတရိုက်ဆီ တက်ရောက်လာခြင်းသည် ထူးခြားပါသည်။ ဆီးရီးယားစစ်ပွဲ ကျဆုံးကတည်းက ဟစ်ဇ်ဘိုလာဟာ ဟားမတ်စ်နဲ့ မဟာမိတ်တွေ ပိုတိုးလာခဲ့ပါတယ်။ ဟားမတ်စ်ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်အတွင်း ဟစ်ဇ်ဘိုလာအကြီးအကဲ ဟာဆန်နာဆရာလာ (Hassan Nasrallah) နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပြီး ဂါဇာအခြေစိုက်အဖွဲ့၏ အီရန်နှင့် နက်ရှိုင်းသော ချိတ်ဆက်မှုများမှာ ကျယ်ပြန့်စွာ လူသိများသည်။

အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲ ဖြစ်ပွားပြီးကတည်းက ဟဇ်ဘိုလာ၏ နိုင်ငံရေး ရပ်တည်ချက်သည် ပါလက်စတိုင်း စစ်သွေးကြွများကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သည်။ ၎င်းသည် ပါလက်စတိုင်းအုပ်စုများကို ထောက်ခံသည့် လူထုစုဝေးပွဲများကို ကမကထပြုကာ ဂါဇာတွင် အစ္စရေး၏ ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများကို ဝိုင်းဝန်းရှုတ်ချခဲ့သည်။ အာရပ်အစ္စလာမ္မစ် ထူးထူးခြားခြား ထိပ်သီးစည်းဝေးပွဲဟု အမည်ပေးထားသည့် အရေးပေါ်အစည်းအဝေးသို့ အာရပ်ခေါင်းဆောင် အများအပြား တက်ရောက်နေကြသည်။

ဂါဇာတွင် မကြုံစဖူးသော အခြေအနေများကို တုံ့ပြန်သည့်အနေဖြင့် ထိပ်သီးအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့၏ ရန်စမှုများကို ရပ်တန့်ရန် နည်းလမ်းများကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ထိပ်သီးအစည်းအဝေးမတိုင်မီ အာရပ်အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်သည် မေလတွင်ကျင်းပသည့် ဒေသဆိုင်ရာအစည်းအဝေးတွင် သူပါဝင်ပြီးနောက် အာရပ်ပြည်နယ်များကြား ဆီးရီးယားနှင့်သင့်မြတ်ရေးကို ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ထပ် လက္ခဏာတစ်ရပ်ဖြစ်သည့် ထိပ်သီးအစည်းအဝေးသို့လည်း ရောက်ရှိခဲ့သည်။

အီရန်သမ္မတအီဗရာဟင်ရိုက်ဆီ (ဘယ်ဖက်) သည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် (Mohammed bin Salman) နှင့် လက်ဆွဲနှုတ်ဆက်။ ရိုက်ဆီသည် သြဇာကြီးသော ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။ (Alekhbariya တီဗီ)

အီရန်သမ္မတအီဗရာဟင်ရိုက်ဆီ ဆော်ဒီလေဆိပ်သို့ ဆိုက်ရောက်လာစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 41 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup