နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

တူရကီ

တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်

တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့် အခြားသော အစ္စရေးအရာရှိ ဒါဇင်ပေါင်းများစွာကို “လူမျိုးတုံးသတ်ဖြတ်မှု” စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။

အစ္စတန်ဘူလ် အစိုးရရှေ့နေချုပ်ရုံးက လူ ၃၇ ဦးကို ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။ ဝရမ်းထုတ်ခံရသူများတွင် နီတန်ယာဟုအပြင် အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz)၊ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန် ဂဗီယာ (Itamar Ben Gvir) နှင့် စစ်ဦးစီးချုပ် အီရယ် ဇာမီယာ (Eyal Zamir) တို့လည်း ပါဝင်သည်။

ရှေ့နေချုပ်ရုံး၏ အဆိုအရ ဤဖမ်းဝရမ်းများသည် အစ္စရေးအရာရှိများကို ဂါဇာတွင်နှင့် အကူအညီများ သယ်ဆောင်လာသော ရေယာဉ်စုကို ဆန့်ကျင်ပြီး ကျူးလွန်ခဲ့သည့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ” နှင့် “လူမျိုးတုံးသတ်ဖြတ်မှု” များဖြင့် စွဲချက်တင်ထားသည်။ ထိုရေယာဉ်စုကို ပြီးခဲ့သည့်လက အစ္စရေးအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ဤဝရမ်းများကို ချက်ခြင်းရှုတ်ချပြီး ပယ်ချခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာ့ရ် (Gideon Sa’ar) က ဤလုပ်ရပ်ကို တူရကီသမ္မတ ရီဆက်ပ် တာယစ် အာဒိုဂန် (Recep Tayyip Erdogan) ၏ “လူထုဆက်ဆံရေး လှည့်ကွက်” အဖြစ် ခေါ်ဆိုခဲ့သည်။

ဆာ့ရ်က လူမှုမီဒီယာပေါ်တွင် ရေးသားရာ၌ ယခုနှစ်အစောပိုင်း အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရမ် အီမာမိုဂလူး (Ekrem Imamoglu) ဖမ်းဆီးခံရမှုကို ရည်ညွှန်းပြီး “အာဒိုဂန်ရဲ့ တူရကီမှာ တရားစီရင်ရေးက နိုင်ငံရေးပြိုင်ဘက်တွေကို အသံတိတ်စေဖို့နဲ့ သတင်းထောက် တွေ၊ တရားသူကြီးတွေနဲ့ မြို့တော်ဝန်တွေကို ဖမ်းဆီးဖို့အတွက် ကိရိယာတစ်ခု ဖြစ်လာတာ ကြာပါပြီ” ဟု ပြောကြားခဲ့သည်။ အာဒိုဂန်၏ အဓိကပြိုင်ဘက်ဖြစ်သော အီမာမိုဂလူးကို ခြစားမှုနှင့် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးမှုများဖြင့် မတ်လတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဟာမတ်စ်အဖွဲ့က ဤဖမ်းဝရမ်းများကို ကြိုဆိုခဲ့ပြီး ဤလုပ်ရပ်သည် “တူရကီပြည်သူလူထုနှင့် ၎င်း၏ခေါင်းဆောင်မှု၏ မြင့်မြတ်သော ရပ်တည်ချက်များကို အတည်ပြုလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

တူရကီ၏ ဖမ်းဝရမ်းများသည် အမေရိကန်ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းသိမ်းရန် ဂါဇာအတွက် နိုင်ငံပေါင်းစုံပါဝင်မည့် လုံခြုံရေး တပ်ဖွဲ့တွင် တူရကီသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်နည်းဟူသော မေးခွန်းများကို ဖြစ်ပေါ်စေခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် မူဆလင်အများစုနေထိုင်သော နိုင်ငံအများအပြားသည် အစ္စတန်ဘူလ်တွင် တွေ့ဆုံပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) ၏ အချက် ၂၀ ပါ အပစ်အခတ်ရပ်စဲရေး အစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို ဆွေးနွေးခဲ့ကြသည်။ ဤယာယီတပ်ဖွဲ့သည် ပါလက်စတိုင်းရဲတပ်ဖွဲ့သစ်ကို လေ့ကျင့်ပေးမည်ဖြစ်ပြီး ဂါဇာကို တည်ငြိမ်အောင် ကူညီပေးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးကို ဟာမတ်စ်အဖွဲ့ သဘောတူစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တူရကီကို ဤတပ်ဖွဲ့တွင် ပါဝင်မည့် အလားအလာရှိသူအဖြစ် အမေရိကန် အရာရှိများက ရည်ညွှန်းဖော်ပြခဲ့ကြသည်။ တူရကီသည် ဤတပ်ဖွဲ့တွင် မည်သည့်အခန်း ကဏ္ဍမှ ပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း၊ အစ္စရေးက ဂါဇာတွင် တူရကီတပ်များ ဝင်ရောက်လာခြင်းကို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ထားသည်။

အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က ဂါဇာတွင် နေရာယူထားသော မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမဆို အစ္စရေးက နောက်ဆုံးတွင် ခွင့်ပြုရလိမ့်မည်ဟု ပြောကြားခဲ့သည်။

နေတန်ယာဟုနှင့် အခြားအရာရှိများအတွက် တူရကီ၏ ဖမ်းဝရမ်းများသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က အစ္စရေးခေါင်းဆောင်ကို စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ်ရုံးက ICC ၏ ဖမ်းဝရမ်းကို “အဓိပ္ပာယ်မရှိသော၊ ဂျူးဆန့်ကျင်ရေး” လုပ်ရပ်အဖြစ် ပယ်ချခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက