၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ကျေးရွာပေါ်ကို ဒီနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၁၁) နာရီ (၅၈) မိနစ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးဘက်ကနေတက်လာတဲ့ တိုက်လေယဉ်ကနေ ပေါင် ၂၀၀ ဗုံးသီး လေးလုံးကြဲချသွားတဲ့အတွက် မင်းတိုင်ပင်ရွာမှာနေထိုင်တဲ့ အမျိုးသားညီညွတ်အေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာန မြို့နယ်တရားရေးတာဝန်ခံ ဦးပေါပြည့်အောင်၊ မသဲနုမြင့်ဇော်၊ ပကဖရဲဘော်မိုးမိုးနဲ့ ဇီးဖြူကုန်းကျေးရွာက အသက်တစ်နှစ်အရွယ်ကလေးငယ်တဦးနဲ့ ကလေးမိခင်တို့ သေဆုံးခဲ့ပြီး ကလေးဖခင်မှာ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိသားစုသုံးဦးက ဇီးဖြူကုန်းပျူရွာက အလင်းဝင်လာသူလို့ သိရပါတယ်။
ဓာတ်ပုံ။ ပေးပို့
![](https://eraseye.com/wp-content/uploads/2023/12/photo_2023-12-13_01-39-44.jpg)
![](https://eraseye.com/wp-content/uploads/2023/12/photo_2023-12-13_01-39-42.jpg)
![](https://eraseye.com/wp-content/uploads/2023/12/photo_2023-12-13_01-39-40.jpg)
![](https://eraseye.com/wp-content/uploads/2023/12/photo_2023-12-13_01-39-37.jpg)
![](https://eraseye.com/wp-content/uploads/2023/12/photo_2023-12-13_01-39-34.jpg)