ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၆) နှစ် မြောက် အထိမ်းအမှတ်အဖြစ် ရေဘဝဲနဲ့ မဟာမိတ် အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ရန်ကုန်မှာ ဖေဖော်ဝါရီ (၁၂) ရက် ညနေပိုင်းကချီတက် ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
လူငယ်တွေက “ တောင်တန်းပြည်မ ညီညွတ်ကြ” ၊ “ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “ အရေးတော်ပုံ အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ကာ Myanmar Labor Alliance အဖွဲ့ဝင် CTUM အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ)၊ Youth Association Of Thingangyun (YAT) တို့ ပူးပေါင်း၍ Youth Scout for Democracy (Y.S.D) ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ကြ တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ရေဘဝဲ