ဟားခါးမြို့နယ်ထဲက ကြံ့ခိုင်ရေးရုံးတွေ နဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ပြည်သူပိုင်သိမ်းတယ်လို့ Chinland Defence Force- Hakha က ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။
CDF-Hakha အနေနဲ့ ဘယ်လို စီမံဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ သေချာမသိရှိရသေးပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ မှာ မှတ်ပုံပြန်တင်တဲ့ ပါတီတွေကို မတရားအသင်းအဖြစ်ကြေညာပြီးတဲ့နောက် ကြံ့ခိုင်ရေး ရုံးတွေကို ပြည်သူပိုင်သိမ်းတယ်လို့ CDF က ကြေညာလိုက်တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်အခြေစိုက်ပါတီတွေထဲက ချင်းပြည်သူ့ပါတီ၊ ခူမီးအမျိုးသားပါတီ နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် တို့ က စစ်ကောင်စီရဲ့ ရွေးကော်မှာမှတ်ပုံတင်ထားပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ ချင်းတိုင်းရင်းသားများပါတီ နဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ တို့ ကတော့ မှတ်ပုံပြန်မတင်ခဲ့ကြပါဘူး။
Era’sEyes | Photo – CJ – ဟားခါးမြို့ပေါ်က ကြံ့ခိုင်ရေး ရုံးကို တွေ့ရစဥ်။