နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဇီကြီး ရွာ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဥ် စစ်ကောင်စီ က ဘယ်လိုပြောကြားထားပါသလဲ

ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဝန်ခံ ပြောကြားလိုက်ပါတယ် နောက်ပြီး စစ်ကောင်စီက သူတို့အနေနဲ့ NUG ရုံးကို တိုက်ခိုက်ချေမှုန်းတာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေထဲမှာ‌ထည့်သွင်းဖော်ပြလာတာပါ။

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာ ဖြစ်စဥ်ဟာ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ နေရာတည့်တည့်ကို လက်နက်ထိမှန်လို့ ပေါက်ကွဲ သေဆုံးမှုတွေ ပိုများခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်‌မှာ ရေးသား‌ထားတာပါ။

ပဇီကြီးရွာမှာ NUG ရုံးဖွင့်ပွဲ လုပ်မယ့် အချိန်နဲ့နေရာကို စစ်ကောင်စီက သတင်းအတိအကျရခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ဖော်ပြပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ‌ဇော်မင်းထွန်းက မြန်မာ့အသံ သတင်းဌာနကနေတစ်ဆင့် အခုလို ပြောထားတာ ဖြစ်ပါတယ်။

” ဒီမနက် ဖြစ်စဥ်မှာတော့ မနက် (၈) နာရီလောက်မှာ ဒီပသီကြီးကျေးရွာမှာ NUG၊CRPH အမည်ခံ ဒီ သူတို့ပြောတဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာတွေပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံ PDF အဖွဲ့တွေရယ် ရုံးဖွင့်ပွဲဆိုတဲ့ဟာလုပ်ပါတယ် ဆောင်ရွက်ပါတယ် အဲ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ကျနော်တို့ ဒီ ဌာနမှာရှိနေတဲ့ PDF အဖွဲ့အမည်ခံတွေ သေဆုံးတယ်ဆိုတာလည်းကျနော်သိရပါတယ်။


ကျနော်တို့ရဲ့ တိုက်ခိုက်မှု တခုတည်း ကြောင့် ဖြစ်သွားတာ မဟုတ်ပါဘူး ၊ ‌မြေပြင်မှာတော့ အဲဒီအဖွဲ့တွေ အနေနဲ့ အဲဒီနေရာလေးတ၀ိုက်မှာ အဲသူတို့ PDF အဖွဲ့ကနေ အသုံးပြုတဲ့ မိုင်းတွေ ထောင်ထားတာရှိတယ်။ အဲ ပြီးရင် ကျနော်တို့ PDF အဖွဲ့က အသုံးပြုတဲ့ ယမ်းတွေ မိုင်းတွေကိုသိုလှောင်ထားတဲ့ ခဲယမ်း ထားရှိတဲ့နေရာရှိတယ်။အဲဒီနေရာ တည့်တည့်ကို ကျနော်တို့ လက်နက်ထိမှန်တဲ့အတွက်ကြောင့်မို့လို့ ပေါက်ကွဲပြီးတော့သေဆုံးပါတယ်ဆိုတာလည်းကျနော်တို့ သတင်းအတိအကျ ရပြီးသားဖြစ်ပါတယ်။ ” လို့ သူက ပြောကြားခဲ့တာပါ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း။

အဲဒီလို ရက်စက်တဲ့လေကြောင်းတိုက်ခိုက်မှု မှာတော့ အမျိုးသမီးတွေ ၊ ကလေးသူငယ်တွေ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အို နဲ့ အရပ်သားတွေ အစုလိုက်အပြုံအလိုက် ဗုံးကြဲခံခဲ့ရပြီး သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကတော့ အခုလို တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ကြောင်း စာအသီးသီးထုတ်ပြန်ထားကြပါတယ်။

Era’sEyes | Photo- CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 25 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7