ဧပြီလ (၁၁) ရက်နေ့ ည (၇) နာရီ ၄၆ မိနစ်လောက်မှာ ချင်းပြည်နယ် မင်းတပ်တိုက်နယ် (၁) ဘက်ကို တိုက်လေယဉ် (၂) စီးနဲ့ ဗုံး (၇) လုံးကြဲသွားတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သိရပါတယ်။ ဗုံးကွဲသံတွေတော့ ထပ်ဆင့်လိုက်ကို အအုန်းအုန်းနဲ့ ပေါက်ကွဲသံကြီး (၄) ချက် ကြားလိုက်ရပြီး မီးတောက်တွေလည်း တောင်ကိုကျော်ပြီး လှမ်းမြင်ရတယ်လို့ မင်းတပ် ပအဖ တာဝန်ခံဆီက သိရှိပါတယ်။









စစ်ကောင်စီ တိုက်လေယဉ်နဲ့ ဗုံးကြဲတာ မကွဲဘဲ ကျန်နေတဲ့ ဒုံးကျည်တွေ ရှိနေသေးတဲ့အတွက် ပြည်သူများ တောထဲတောင်ထဲ တောင်ယာခင်းများကို သွားလာရာတွင် သတိထားကြပြီး မကွဲသေးသော လက်နက်ကြီး ဗုံးဆံများ တွေ့ရှိပါက ထိခြင်း၊ ကိုင်ခြင်း မပြုဘဲ နီးစပ်ရာ ပ.အ.ဖ နဲ့ ကာကွယ်ရေး အဖွဲ့များကို သတင်းပို့ကြဖို့ တောင်းဆိုထားပါတယ်။