ဧပြီ (၁၀) ရက်နေ့၊ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့တယ်လို့ သိရပါတယ်။
အဲဒီအတွက် ပြည်သူ (၇) ဦး သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့ တယ်လို့ သိရပါတယ်။