နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လက်နက်ဥပဒေ ထုတ်ပြန် ၊ လက်နက်ကို ဥပဒေနှင့်အညီ ကိုင်ဆောင်ရမည် ၊ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ပါက ဖမ်းဆီးခံရမည်

စစ်ကောင်စီ က မေ (၁၁) ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လက်နက်ဥပဒေထဲမှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်တာခြင်း ၊ လက်ဝယ်ထားရှိ ခြင်း ။ သယ်ယူခြင်း အစရှိတာတွေ တွေ့ရှိရင် မည်သူကို မဆို ဖမ်းဆီး သိမ်းဆည်းတာတွေ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ၊

အဲဒီလို ဥပဒေမဲ့ လက်နက်ကိုင်ဆောင်လို့ ဖမ်းဆီးရမိခဲ့ရင် ဖမ်းဆီးရမိသူရဲ့ လက်နက်၊ လက်နက် နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးထံ ဖြစ်စေ၊ အနီးဆုံး ရဲစခန်း ဒါမှမဟုတ် တပ်စခန်းကို ဖြစ်စေ အမြန်ဆုံး အပ်နှံရမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှ အပ အခြား ဘယ်နေရာတွေမှာဆို လက်နက်ကို လိုင်စင် ဒါမှမဟုတ် ခွင့်ပြုမိန့် မရှိဘဲ သယ်ယူခြင်း လက်ဝယ်ထားရှိ ကိုင်ဆောင်ခြင်း အစရှိတဲ့ သတင်း ရရှိရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် ရဲစခန်းမှူးက အဲဒီနေရာကို ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကို ဆောင်ရွက်နိုင်တယ်လို့ လည်း ဥပဒေမှာ ထည့်သွင်းဖော်ပြထားတာပါ။

မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုက်ရိုက်ကြီးကြပ် ကွပ်ကဲတဲ့ ရဲအရာရှိတစ်ဦးဦးဟာ ဒုရဲအုပ် အဆင့်အောက်မနိမ့်တဲ့ ရဲအရာရှိ တစ်ဦးဦးကို ရှာဖွေဖမ်းဆီးခွင့် အမိန့်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရှာဖွေဖမ်းဆီးခွင့် အမိန့်နဲ့ ဆောင်ရွက်တဲ့ ရဲအရာရှိဟာ ပြစ်မှုကျူးလွန်သူကို ရှာဖွေတာ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကိုလည်း တစ်ပါတည်း ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ လက်နက် ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုင်စင်ဖြစ်စေ ခွင့်ပြုမိန့်ဖြစ်စေ သတ်မှတ်သက်တမ်းကုန်ဆုံးပြီးနောက် သေနတ် နဲ့ ခဲယမ်းတာတွေကို ကိုင်ဆောင်လက်ဝယ် ထားရှိရင်လည်း ‌သုံးလထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်တစ်သိန်းကနေ သုံးသိန်းထိ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကို ပူးတွဲ ချမှတ်နိုင်တယ်လို့လည်း အသစ်ထုတ်ပြန်လာတဲ့ လက်နက် ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။
Era’sEyes | #GunLaw

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခ ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်ခံရ၊ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO အပါအဝင် (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 3 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည (၉)နာရီ (၄၇)မိနစ်အချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာအခြေစိုက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစတပ်က ရွှေသောင်ယံမြို့နယ်ခွဲတကြောက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညအချိန်မတော်
မြန်မာသတင်း

သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အဆင့်နဲ့အညီ လွှတ်တော်အစည်းအဝေး လုပ်ဆောင်နိုင်စွမ်းရှိရမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာမှာ
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ