ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဥပဒေကဲ့သို့အာဏာတည်တဲ့ အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားတဲ့ အခွင့်အာဏာကိုကျင့်သုံးပြီး Mr. Sean Turnell ကို ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။


မစ္စတာရှောင်တာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းကာလမှာ ၂နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
Era’sEye/Photo/CRD