နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုပြီး စစ်ကောင်စီထုတ်ပြောလာ


ဇူလိုင်လ ၉ရက်နေ့က မြန်မာကိုလာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့မှာ ထုတ်ပြောလာပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာကို နိုင်ငံတကာသတင်းများက ကျယ်ကျယ်ပြန်ပြန့် ဖော်ပြလာပြီးနောက်မှာ စစ်ကောင်စီဘက်က ယခုလို ထုတ်ဖော်ပြောဆိုလာတာပါ။

“ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Don Pramudwinai က မြန်မာ နိုင်ငံကို ၉ရက်နေ့မှာ ရောက်ရှိလာတာ ရှိပါတယ်။

နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။ သူတို့ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက် ကြာမြင့်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်ချင်း သီးသန့်တွေ့ဆုံခဲ့တာကြောင့် ဆွေးနွေးချက်အသေးစိတ်ကိုတော့ မသိရှိရကြောင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းအနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိရတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ယခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုမှာ စစ်ကောင်စီအကျိုးအတွက် အချိန်ကိုက် ဖန်တီးတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်ခွင့် သားဖြစ်သူတောင်းဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 12 Views
စက်တင်ဘာလ (၁၀)ရက်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာကို စစ်တပ်က သတင်းအမှားလို့ ပြောဆိုတဲ့အတွက် အတည်ပြုနိုင်အောင် ဆက်သွယ်ခွင့်ရဖို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 10 Views
စက်တင်ဘာလ (၁၀)ရက်။ တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်ဖို့ NUCC နဲ့ NUG တွေ့ဆုံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 13 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံတာဟာ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ကို ရည်ရွယ်ကြိုးပမ်းသွားမယ့်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 14 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 63 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတဲ့ ပါတီတွေဟာ NDF အပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 50 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့
မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 62 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 59 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို