နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် သူမပြန်ပေးဆွဲခံရမှုကို စောင့်ကြည့်နေပြီး၊ သူမပြန်လည်လွတ်မြောက် လာစေရန် အီရတ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။

သူမအား ပြန်ပေးဆွဲသွားသူမှာ မည်သူမည်ဝါဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း၊ အီရန်ကျောထောက်နောက်ခံပြု ကာတာအစ် ဟစ်ဇ်ဘိုလာ (Kataib Hezbollah) အဖွဲ့ထံမှ ပြန်ပေးဆွဲ ခြင်း အပါအဝင် ခြိမ်းခြောက်မှုများရှိနေကြောင်း ကစ်တယ်လ်ဆန်ကို ကြိုတင်သတိပေးထားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီလန် ဂျွန်ဆင် (Dylan Johnson) က X တွင် ရေးသားရာ၌ “အီရန်နှင့် မဟာမိတ်ဖြစ်သော ကာတာအစ် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွှယ်ပြီး အဆိုပါပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူတစ်ဦးကို အီရတ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်” ဟု ဖော်ပြခဲ့သည်။

ကာတာအစ် ဟစ်ဇ်ဘိုလာသည် အမေရိကန်နိုင်ငံသားများကို အကြိမ်ကြိမ် ပစ်မှတ်ထားလေ့ရှိသော အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ကစ်တယ်လ်ဆန်သည် အရှေ့အလယ်ပိုင်း နှင့် အာဖဂန်နစ္စတန်အရေးကို အထူးပြုသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး နိုင်ငံတကာ၊ အမေရိကန်နှင့် အီတလီ သတင်းဌာနများတွင် သူမ၏ သတင်းဆောင်းပါးများကို ဖော်ပြလေ့ရှိသည်။

သတိပေးချက်အကြောင်း သိရှိသည့် သတင်းရင်းမြစ်တစ်ခု၏အဆိုအရ အမေရိကန်အစိုးရသည် ကစ်တယ်လ်ဆန်အား ပြန်ပေးဆွဲရန် သို့မဟုတ် သတ်ဖြတ်ရန် ကာတာအစ် ဟစ်ဇ်ဘိုလာ၏ ကြံစည်မှု နှင့်ပတ်သက်၍ မကြာသေးမီက သတိပေးခဲ့ကြောင်း သိရသည်။ ထိုသတိပေးချက်မှာ သူမ အီရတ်တွင် သတင်းယူနေစဉ်အတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အခြားသတင်းရင်းမြစ်တစ်ခုကလည်း အမေရိကန်နှင့် အီရတ်အရာရှိများသည် ကစ်တယ်လ်ဆန် အပေါ် အီရန်လက်ဝေခံအဖွဲ့တစ်ခု၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သူမအား နိုင်ငံအတွင်းမှ ထွက်ခွာရန် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီပုဂ္ဂိုလ်အပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးရမယ့် တာဝန်ကို အရင်ကတည်းက ထမ်းဆောင်ခဲ့ပြီးပါပြီ။ သူမ အမြန်ဆုံး ပြန်လည် လွတ်မြောက် လာဖို့အတွက် FBI နဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဂျွန်ဆင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ခြိမ်းခြောက်မှုအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Al-Monitor က ကစ်တယ်လ်ဆန် ပြန်ပေးဆွဲ ခံရမှုကို အင်္ဂါနေ့အစောပိုင်းတွင် အတည်ပြုခဲ့ပြီး သူမအား “ဘေးကင်းလုံခြုံစွာနဲ့ ချက်ချင်းလွှတ်ပေး ရန်” တောင်းဆိုခဲ့သည်။

အဆိုပါသတင်းဌာနတွင် ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေသော ကစ်တယ်လ်ဆန် ပြန်ပေးဆွဲခံရမှု အပေါ် “အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” Al-Monitor က ဆိုသည်။

“သူမကို ဘေးကင်းစွာနဲ့ ချက်ချင်းလွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒီဒေသကနေ သူမရဲ့ အရေးပါတဲ့ သတင်းတင်ပြချက်တွေကို ကျွန်တော်တို့ ထောက်ခံအားပေးပြီး၊ သူမရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အမြန်ဆုံးပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အီရတ်ပြည်ထဲရေးဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ချက်တွင်မူ အင်္ဂါနေ့ညနေပိုင်းက ဘဂ္ဂဒက်မြို့ လယ်တွင် နိုင်ငံခြားသူ သတင်းထောက်တစ်ဦးကို အမည်မသိလူတစ်စုက ပြန်ပေးဆွဲသွားခဲ့ကြောင်း ဖော်ပြထားသည်။

အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိထားပြီး ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ရန်နှင့် သတင်းထောက်အား ကယ်တင်ရန် စစ်ဆင်ရေးတစ်ခု စတင်နေပြီဟု ဆိုသည်။

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်နှင့် ပဋိပက္ခစတင် ကတည်းက အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များက အမေရိကန်နိုင်ငံသားများကို ပြန်ပေးဆွဲရန် ကြိုးပမ်းနိုင်ကြောင်း သတိပေးကာ အမေရိကန်နိုင်ငံသားများ နိုင်ငံအတွင်းမှ ထွက်ခွာရန် အကြိမ်ကြိမ် သတိပေးထားခဲ့သည်။ “ဘယ်လိုအကြောင်းပြချက်နဲ့မှ အီရတ်ကို မလာပါနဲ့။ အဲဒီမှာ ရောက်နေတယ်ဆိုရင်လည်း ချက်ချင်းထွက်ခွာပါ” ဟု သံရုံး၏ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှယ်လီ ကစ်တယ်လ်ဆန်၏ Instagram အကောင့်တွင် တင်ထားသော သူမ၏ ဓာတ်ပုံ။ Shelly Kittleson/Instagram

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက