စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့
ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြည်သူတစ်ဦးလည်း မီးလောင်သေဆုံးခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၂ ရက် ကဝက်လက်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် ဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သုံးဆင့်ကန်ကျေးရွာကို ညအိပ်တပ်စွဲခဲ့ ပြီး မနက်ပိုင်းမှာ သုံးဆင့်ကန်ရွာကို မီးရှို့ဖျက်ဆီးလိုက်တာပါ။
စစ်တပ်ရဲ့ အခုလို မီးရှို့ ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင် ပြာကျခဲ့ရပြီးအသက်၆၀အရွယ် အမျိုးသားတစ်ဦး လည်း မီးလောင်သေဆုံးခဲ့ရတ်လို့သိရပါတယ်။ ဒါ့အပြင် စစ်အုပ်စု ဟာ ပေါက်ကန်ရွာကိုပါ ဝင်ရောက်ပြီးဆက်လက် မီးရှို့သွားခဲ့တယ်လို့သိရပါတယ်။









မီးရှို့ခံရသည့် ကျေးရွာနေပြည်သူများ အမိုးအကာနှင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
Era’sEye/(စစ်တပ်ကမီးရှို့၍ မီးလောင်ပြာကျခဲ့သော နေအိမ်များအား တွေ့ရစဥ်။
ဓာတ်ပုံ-ဝက်လက်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ)