နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြောင်မြို့နယ် ခေါင်းကွဲရွာကို စစ်ကောင်စီဝင်ရောက် မီးရှို့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာက ထွက်လာတဲ့ စစ်ကြောင်းဟာ ညနေ ၄ နာရီ ၅၀မိနစ်ခန့်မှာ ခေါင်းကွဲရွာကို ဝင်ရောက်မီးရှို့သွားတယ်လို့ CDSOM ဦးဆောင်သူ ကိုနွေဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်


စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှု့ကြောင့် လတ်တလောစာရင်းအရ နွား ၅ကောင်မီးလောင်ကျွမ်း သေဆုံးခဲ့တယ်လို့ သိရှိရပြီး အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။ မြန်မာစံတော်ချိန် ည ၈ နာရီလောက်အထိ ထိမီးငြိမ်းသတ်နေရဆဲလို့ ဆိုပါတယ်။

ကျောက်ရစ်ရွာကထွက်လာတဲ့ စစ်ကြောင်းနဲ့ နနွင်းကိုင်းရောက်နေတဲ့စစ်ကြောင်း နှစ်ကြောင်းဟာ မြစ်သာရွာမှာ ဆုံနိုင်ပြီး ရေလယ်ကျွန်းရောက်နေတဲ့ စစ်ကြောင်းကို အားဖြည့်ပေးမယ့် အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီစစ်ကြောင်းတွေ ဖိုခနောက်ဆိုင်နေရာယူပြီးရင် ရေလယ်ကျွန်းအတွက် အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 15 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ
မြန်မာသတင်း

စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ဆိုပြီး စစ်ကောင်စီက ကော်မတီတရပ်ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 18 Views
ဇူလိုင်လ (၂၁)ရက်။ စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့အတွက်ဆိုပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ ကော်မတီတရပ်ကို ဇူလိုင်လ (၈)ရက်နေ့ရက်စွဲနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီက “ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်တီ” ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအနေနဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင်
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 17 Views
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ ဇူလိုင်လ (၂၁)ရက်။ မနေ့က နံနက် (၇)နာရီ (၂၂)မိနစ်အချိန် ရန်ကုန်-မန္တလေ အမြန်လမ်း မိုင်တိုင်(၃၁၈)ကို မောင်းလာတဲ့ စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ တစ်စီး နစ်မြုပ်ကာ (၃)စီး မီးလောင်ခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 20 Views
ဇူလိုင်လ (၂၁)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို