စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကြာတကန်ရွာကို စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၆၈) နဲ့ ပျူစောထီး အင်အား (၁၂၀) ခန့်ပါတဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ (၁၁) ရက် နေ့လယ် ၁ နာရီခွဲအချိန်က ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ ကြတာဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရဲ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၄၁ အိမ်ရှိသည့် ကြာတကန်ရွာမှ ပြည်သူပိုင်နေအိမ် (၂၇ )လုံးနှင့် ရွာနားရှိ စစ်ရှောင်တဲ( ၃ ) လုံးအပြင် စပါးတင်း တရာ မီးလောင်ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကြာတကန်ရွာ နှင့် အနီးအနားရှိ ကျေးရွာများပါ ယခုချိန်ထိ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။