မုံရွာထောင်ဖောက်ပြေးမည်ဆိုသည့် သတင်းများ ကြောင့် အကျဥ်းထောင်ပတ်ဝန်းကျင်ကို လက်နက်ကိုင်အစောင့်များအပြည့်ချထားတယ်
လို့ ဒေသခံတွေဆီကသိရပါတယ်။
ထောင်ဖောက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ထောင်းတွင်းရှိ နိုင်ငံရေး အကျဥ်းသား များကို လုံခြုံရေးအထူးတင်းကြပ်ထားတယ်လို့လည်း ထောင်အာဏာပိုင်တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
မုံရွာအကျဉ်းထောင်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၂၇ ဦးကို ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သလို ထောင်အာဏာပိုင်များက အမှုထပ်မံစွဲတင်ခြင်းများလည်း ပြုလုပ်ခဲ့ပြီး ထောင်ဝင်စာ ပိတ်ထားသည်မှာ ယနေ့အထိဖြစ်ပါတယ်။
Era’sEye