နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အာရှလမ်းပျက်စီးမှုနောက်ပိုင်း မြဝတီ-ရန်ကုန်ကားခ နှစ်ဆကျော်မြင့်တက်

ဩဂုတ်လ (၇) ရက်နောက်ပိုင်း ကော့ကရိတ်-မြဝတီ တောင်တက်လမ်းပိုင်းပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြဝတီ–ရန်ကုန် ကားခနှစ်ဆကျော် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းခရီးခက်ခဲမှုကြောင့် ခရီးသည်တင် Express ယာဉ်ကြီးတွေ ပြေးဆွဲနိုင်ခြင်း မရှိတော့ဘဲ ယာဉ်ငယ်တွေနဲ့ ပြေးဆွဲနေကြရတဲ့အတွက် အခုလို စျေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်နေတာပါ။
နဂို မြဝတီ–ရန်ကုန် ယာဉ်စီးခဟာ ကျပ်နှစ်သောင်းခွဲကျပ်ဖြစ်ပြီးတော့ လက်ရှိမှာ ကားကြီးတွေမသွားနိုင်တော့တဲ့အတွက် ကားငယ်ယာဉ်စီးခမှာ တစ်ဦးကို ၆၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ မြင့်တက်သွားတာပါ။
ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက အာရှလမ်းသစ်၊ နတ်စင်ကွေ့၊ တောနော်ရေတံခွန်အနီးမှာ လမ်းပြိုကျမှု ဖြစ်ပွားခဲ့တဲ့အတွက် အဲဒီကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုလို့မရဘူးလို့ သိရပြီးတော့ အဲဒီ ပျက်စီးသွားတဲ့ အာရှလမ်းပိုင်းကို ဘေလီသံပေါင်တံတားထိုးဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့တော့ ကုန်သွယ်မှုနှောင့်နှေးကြန့်ကြာမှုမရှိစေဖို့အတွက် တခြား နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ #Era’sEye News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 24 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 13 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 22 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့
မြန်မာသတင်း

အမေရိကန်-တရုတ် (၂)နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 17 Views
မေလ (၁၉)ရက်။ အမေရိကန်-တရုတ် နှစ်နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီး တက်ကြွတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ စနိုက်ဘာပစ်ခတ်တာကြောင့် စစ်ရှောင်တဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 59 Views
မေလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန် နောင်ချိုမြို့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် စစ်ရှောက်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုမ္မတီးရွာက စစ်ရှောင်စခန်းမှာနေတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 21 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 38 Views
မေလ (၁၈) ရက်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 140 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ လူကုန်ကူးခံရသူများကို ကယ်တင်ရန် အရေးပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ယင်းဒုက္ခသည်များထဲတွင် ကင်မရွန်း၊ အီသီယိုးပီးယား၊