Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

1027 Operations

1027 Operations

ရခိုင်ပြည် ရသေ့တောင် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား AA သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ရခိုင်ပြည်၊ ရသေ့တောင် ဒုံးပိုက်စခန်းနဲ့ ချိန်ခါလီစခန်းကို ရက္ခိုင်တပ်တော် (AA) က မနေ့က နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ အင်အားအများအပြားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ချိန်ခါလီ နယ်ခြားစောင့်တပ် စခန်းကို ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ညီနောင်သုံးဖွဲ့ရဲ့ မဟာမိတ်တစ်ဖွဲ့ဖြစ်တဲ့ MNDAA က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

++++++++++++++++++++++++

ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသအတွင်း အောက်ပါနေရာများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(၁) ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊

(၂) မောင်တောမြို့နယ်၊ မီးတိုက် နှင့် သင်္ဘောလှရွာအနီးတွင်လည်း နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း ၊

(၃) မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်တွင် နံနက် (၇) နာရီ (၂၀) မိနစ်တွင် လည်းကောင်း၊

(၄) မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက် ၅.၇ ကီလိုမီတာအကွာ မင်းပြား – မြောက်ဦးမြို့နယ်ကြားတွင် ညနေ (၄) နာရီဝန်းကျင်၌ လည်းကောင်း

(၅) ထို့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင် လည်းကောင်း တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။

ရန်သူသည် တိုက်ပွဲဖြစ်ပွားနေသောနေရာများသို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရန်သူသည် ၎င်းတို့အခြေပြုတပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများရှိသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသောသူများရှိခဲ့သလို မိမိတို့၏ နီးစပ်ရာ စခန်းများသို့ ဆက်သွယ်၍ စစ်ဘက်၊ ရဲဘက်မှ လက်နက်ချ အညံ့ခံလာသောသူများကိုလည်း မိမိတို့မှ ကောင်းစွာ လက်ခံထား ရှိပါသည်။

ထို့ကြောင့် ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက မိမိတို့၏ နီးစပ်ရာစခန်းများသို့ (အမြန်ဆုံး) ဆက်သွယ်ပြီး လက်နက်ချ အညံ့ခံရန် အသိပေးလိုက်ပါသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများရှိပါက အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

ဓာတ်ပုံ။

MNDAA သတင်းနှင့် ပြန်ကြားရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 52 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 64 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 78 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 62 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 123 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 85 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 67 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 69 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်