နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်မှာ တစ်ရက်ထဲ စစ်ကောင်စီက နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းပေါင်း (၄၀) နီးပါး စွန့်လွှတ်ထားခဲ့တယ်လို့ AA ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီက နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ထားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းတွေဟာ နီးစပ်ရာ စစ်ကောင်စီရဲ့ စစ်ခန်းတွေအပြင် ရဲစခန်း (၃)ခုကို တစ်ခုအနေနဲ့ ပူးပေါင်းသွားကြတာဖြစ်ပြီး လက်နက်ချ အညံ့မခံသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ AA က ဆိုပါတယ်။

အပေါက်၀မြို့နယ်ရှိ အပေါက်၀ရဲစခန်းက ရဲတပ်ဖွဲ့၀င် (၂၂)ဦးစလုံး AA ထံ လက်နက်တွေနဲ့အတူ အသာတကြည် လက်နက်ချ အလင်း၀င်လာခဲ့ကာ အခြားနေရာ (၂)ခုကလည်း ရဲတပ်ဖွဲ့၀င် (၆)ဦး လက်နက်ချအလင်း၀င်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က တစ်ရက်ထဲ ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့တွေက နေရာ (၅) ခုမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

မင်းပြားမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ (၂)ပွဲမှာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄)တပ်ရင်းက ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး)၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး)တို့အပါအဝင် စုစုပေါင်း (၁၀) ဦးကို စစ်သုံ့ပန်းတွေအနေနဲ့ ဖမ်းမိခဲ့ပြီး (၁၀) ဦးကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်ကောင်စီရဲ့ ခလရ (၂၃၂) တပ်ရင်းနဲ့ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးက တိုက်ပွဲမှာလည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ AA က ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်တွေအားလုံးကို နိုင်ငံတကာ စစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပြီး မနေ့ကတိုက်ပွဲတွေမှာ AA တပ်ဖွဲ့၀င် (၆) ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 8 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 16 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီဗုံးကြဲခဲ့တဲ့ ကျောက်နီမော်ရွာက ပြည်သူတွေကို AA ထောက်ပံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၆)ရက်။ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာက ပြည်သူတွေဟာ မီးလောင်ဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးလောင်ဆုံးရှုံးကာ အခက်အခဲဖြစ်နေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ PDF ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံအထိရောက်လာလို့ စစ်ကောင်စီ အင်အားထပ်ဖြည့်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 43 Views
ဇန်နဝါရီလ (၁၂) ရက်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွှေသောင်ယံမြို့အထိ ထိုးစစ်ဆင်ရောက်ရှိလာပြီလို့သိရပြီး ထိတွေ့တိုက်ပွဲတွေမှာလည်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 36 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် အရပ်သား အနည်းဆုံး (၄၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်နီမော်ရွာကို အကြမ်းဖက်စစ်အုပ်စုက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက် အနည်းဆုံး ၄၀ ခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 51 Views
ဇန်နဝါရီလ (၉) ရက်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်တိုက်နယ်ကို မနေ့က ဇန်နဝါရီလ ၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄၀ ခန့် သေဆုံးပြီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်စစ်ရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေတစ်စီးကို ဟိုင်းကြီးကျွန်းနား စစ်ကောင်စီရေတပ်က ဖမ်းဆီးထိန်းသိမ်းထား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 72 Views
ဇန်နဝါရီလ (၆)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က ရခိုင်စစ်ဘေးရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေကြီးတစ်စီးကို စစ်ကောင်စီရေတပ်က ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ငပုတော ဟိုင်းကြီးကျွန်းနား ရေလယ်မြစ်ဝမှာ ရခိုင်ဘက်က စစ်ရှောင်စက်လှေတစ်စီး ရောက်နေတယ်လို့ သိရပါတယ်။