နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်မှာ တစ်ရက်ထဲ စစ်ကောင်စီက နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းပေါင်း (၄၀) နီးပါး စွန့်လွှတ်ထားခဲ့တယ်လို့ AA ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီက နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ထားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်နဲ့ ရဲစခန်းတွေဟာ နီးစပ်ရာ စစ်ကောင်စီရဲ့ စစ်ခန်းတွေအပြင် ရဲစခန်း (၃)ခုကို တစ်ခုအနေနဲ့ ပူးပေါင်းသွားကြတာဖြစ်ပြီး လက်နက်ချ အညံ့မခံသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ AA က ဆိုပါတယ်။

အပေါက်၀မြို့နယ်ရှိ အပေါက်၀ရဲစခန်းက ရဲတပ်ဖွဲ့၀င် (၂၂)ဦးစလုံး AA ထံ လက်နက်တွေနဲ့အတူ အသာတကြည် လက်နက်ချ အလင်း၀င်လာခဲ့ကာ အခြားနေရာ (၂)ခုကလည်း ရဲတပ်ဖွဲ့၀င် (၆)ဦး လက်နက်ချအလင်း၀င်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က တစ်ရက်ထဲ ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့တွေက နေရာ (၅) ခုမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

မင်းပြားမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ (၂)ပွဲမှာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄)တပ်ရင်းက ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး)၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး)တို့အပါအဝင် စုစုပေါင်း (၁၀) ဦးကို စစ်သုံ့ပန်းတွေအနေနဲ့ ဖမ်းမိခဲ့ပြီး (၁၀) ဦးကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်ကောင်စီရဲ့ ခလရ (၂၃၂) တပ်ရင်းနဲ့ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးက တိုက်ပွဲမှာလည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် သေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ AA က ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်တွေအားလုံးကို နိုင်ငံတကာ စစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပြီး မနေ့ကတိုက်ပွဲတွေမှာ AA တပ်ဖွဲ့၀င် (၆) ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ တစ်မြို့မကျန် သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 13 Views
စက်တင်ဘာလ (၁၄)ရက်။ ရခိုင်မှာ ကျန်ရှိနေ‌တဲ့ မြို့တွေအပါအ၀င် တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 19 Views
စက်တင်ဘာလ (၇)ရက်။ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောတိုက်ပွဲထဲ စစ်ကောင်စီတပ်က ဓါတုအဆိပ်ဓါတ်ငွေ့တွေပါတဲ့ ဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 21 Views
ဩဂုတ်လ (၃၀)ရက်။ ဩဂုတ်လ (၂၈)ရက်နေ့ မောင်တောမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်က ဓါတုအဆိပ်ငွေ့တွေပါတဲ့ ဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ မောင်တောမြို့ပြင်မှာ တစ်ခုထဲကျန်ရှိတဲ့ သူတို့ရဲ့ နခခ(၅)စခန်းထဲကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ ဆက်နွယ်သူတွေကို အကြမ်းဖက်ပုဒ်မအပါအ၀င် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့ ခြိမ်းခြောက်

  • 2024 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 25 Views
ဩဂုတ်လ (၂၉)ရက်။ အာရက္ခတပ်တော်(AA)နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်ပုဒ်မအပါအ၀င် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲ အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့ (၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီနဲ့ အပေါင်းအပါရဲ့ အလောင်း (၁၀၀)ကျော်ကို မြေမြှုပ်ပေးခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 14 Views
ဩဂုတ်လ (၂၇)ရက်။ အခု(၃)ရက်တာ မောင်တောမြို့တိုက်ပွဲထဲ စစ်ကောင်စီနဲ့ အပေါင်းအပါရဲ့ အလောင်း (၁၀၀)ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောင်တောမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA ပြော၊ မောင်တောမြို့မရဲစခန်းက ဒုရဲမှူးနဲ့ ရဲအုပ်အပါအ၀င် (၈)ဦး လက်နက်ချအညံ့ခံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 25 ရက်
  • 29 Views
ဩဂုတ်လ (၂၅)ရက်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေအပါအ၀င် ထွက်ပြေးတာတွေနဲ့ လက်နက်ချအညံ့ခံတာတွေကြောင့် ‌မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်တော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ (၂)ပတ်ခန့်ကြာမြင့်လာတဲ့အချိန် မြို့ထဲ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူတွေ ၀င်လာနိုင်ဖို့ AA က ဆောင်ရွက်ပေးရန် SAC-M တောင်းဆို

  • 2024 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 24 Views
ဩဂုတ်လ (၂၂)ရက်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူတွေ ၀င်ရောက်လာနိုင်ဖို့ အာရက္ခတပ်တော်(AA)အနေနဲ့ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ လူမျိုးရေး၊ ဘာသာရေး အသိုင်းအဝိုင်းအားလုံးရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့အတွက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့သိမ်းတိုက်ပွဲအပေါ် သတင်းတု၊ သတင်းမှားတွေ ရေးသားပြောဆိုနေတာကို AA သတိပေး

  • 2024 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 29 Views
ဩဂုတ်လ (၁၉)ရက်။ မောင်တောမြို့သိမ်းတိုက်ပွဲတွေအပေါ် သတင်းတု၊ သတင်းမှားတွေ ရေးသားပြောဆိုနေတာဟာ ဒေသထဲ လူမျိုးစုနှစ်ခုအကြား ထိခိုက်နိုင်တယ်လို့ AA ရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာနဲ့အတူ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်အချို့က မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး