နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ တပ်သားတစ်ဦး ပုလဲမြို့နယ် ပ.အ.ဖ အဖွဲ့ ထံသို့ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်၊ CDM တပ်သားကို ကျပ်သိန်း ၈၀ ချီးမြှင့် (ရုပ်သံ)

စစ်ကောင်စီ တပ်ရင်း ပညရ ၁၁ မှ တပ်သား ကျော်ငြိမ်းလင်း (တ- ၃၄၆၅၆၃) သည် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ လက်နက်အပြည့်အစုံ ဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြောင်းသိရသည်။


CDM ပြုလုပ်သည့် တပ်သား ကိုကျော်ငြိမ်းလင်း (တ- ၃၄၆၅၆၃) ကို ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ ( ပအဖ ) ၊ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ (ပကဖ) တိုက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ( ၅၀ )ကျပ်နှင့် ပုလဲမြိုနယ် ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ( ၃၀ )ကျပ် ၊ စုစုပေါင်းငွေသား သိန်း ( ၈၀ )ကျပ်ကို ချီးမြှင့်ခဲ့သည်။


CDM ပြုလုပ်လာတဲ့ တပ်သား ကိုကျော်ငြိမ်းလင်းသည် MA 11 ဂန်းတလက် ၊ ကျည်ဘောက် ( ၃ )ခု ၊ 5.56 ကျည် ( ၇၄ ) တောင့် ၊ ဗုံးသီး ( ၁ )လုံးနှင့် ကျည်ကာ ( ၁ )ထည်တို့ ယူဆောင်လာပြီး ဇန်နဝါရီ ၄ ရက်မှာ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

( ပြည်သူ့ရင်ခွင်ကို လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်ခိုလှုံလာတဲ့ တပ်သား ကိုကျော်ငြိမ်းလင်းရဲ့ ဘာကြောင့် CDM လုပ်ခဲ့သလဲဆိုတဲ့ စကားသံကို ရုပ်သံမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ပ.အ.ဖ ခေါင်းဆောင် ဦးဇော်ထက်ရဲ့ အကြမ်းဖက်တပ်သားတွေကို CDM ပြုလုပ်ဖို့ ပြောကြားချက် တွေကိုလည်းကြည့်ရှုရမှာပါ။ )

Era’sEyes | Photo and News – PVTV | Video- PVTV

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 47 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 44 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ
မြန်မာသတင်း

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 46 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗဟန်းရဲစခန်းကို အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 64 Views
စက်တင်ဘာလ (၃၀)ရက်။ ရခိုင်ဒေသထဲ စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်ပြီး အာရက္ခတပ်တော်(AA)က မနေ့ကရက်စွဲနဲ့ အရေးပေါ်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲတိုက်ပွဲတွေနဲ့ ရခိုင်ဒေသအစပ် (၃)နေရာမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲ စစ်တပ်ဟာ အထိအခိုက်အကျဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့ ဆဒုံးမြို့ပေါ် ဗုံးကြဲတာကို လူမဆန်တဲ့လုပ်ရပ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 70 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အပေါ် လူမဆန်တဲ့လုပ်ရပ်လို့ KIA ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြစ်တင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က “ ဆဒုံးမြို့။
မြန်မာသတင်း

တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 89 Views
စက်တင်ဘာလ (၂၉)ရက်။ တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံး အနာဂတ်လှစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့
မြန်မာသတင်း

အညာမြေတပ်ပေါင်းစုစခန်းခွဲ လေကြောင်းပစ်ခံရပြီး ရဲဘော်(၃)ဦး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 90 Views
စက်တင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခုကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခု လေကြောင်းပစ်ခံခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ တပ်စိတ်မှုးအပါအဝင်