စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနဲ့ တင့်တယ်ရွာတို့ကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီ (၁၂) ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် (၆၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/02/fffffffffffffffffffffffffffffffffffffffffff.jpg)
စစ်ကောင်စီအုပ်စုဟာ ကျောက်မြင့်ရွာကို ဖေဖေါ်ဝါရီ (၁၂) ရက် မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒေသခံများနေအိမ် (၂၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး တင့်တယ်ရွာကို နေ့လည်ပိုင်းမှာ ထပ်မံဝင်စီးနင်းပြီး မီးတင်ရှို့တဲ့အ တွက် နေအိမ် (၄၀၀) ထပ်မံ မီးလောင်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/02/ffffffffffffffffffffffffffffffffffffff.jpg)
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/02/ffffffffffffffffffffffffffffff.jpg)
![](https://eraseye.com/wp-content/uploads/2023/02/fffffffffffffffffff.jpg)
![](https://eraseye.com/wp-content/uploads/2023/02/fffffff.jpg)
Photo – CJ