တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ် မြေမြှပ်နင်းမိုင်းထိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ရေးအခြေစိုက်ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ YGF-ရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၀ရက်နေ့ညမှာ ရှေ့တန်းကျောပိုးအိတ်လွယ် စခန်းအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စခန်းအတွင်းရှိပစ္စည်းများ ဖျက်ဆီးခံထားရသဖြင့် လိုက်လံရှင်းလင်းရာ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်နင်းမိုင်းတစ်လုံး နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်ဟာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ခြေထောက်တစ်ဖက်ပြတ်ခဲ့ပြီး မျက်လုံးတစ်ဖက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Era’sEye