နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

အန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေလက်နက်မျိုးစုံ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက် ခေတ်မျက်လုံး။

နယ်စပ်ကုန်သွယ်အရေးအတွက် အရေးပါတဲ့ အန္ဒိယ-မြန်မာနယ်စပ်က ရိဒ်ခေါဒါရ်မြို့ကို CNA၊ CDF-Hualngoram၊ CDF-Zanniatram၊ PDA နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က မနေ့က နို၀င်ဘာ ၁၃ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး နယ်စပ်တံတားပေါ်တွင် ချင်းအမျိုးသားအလံကို လွှင့်ထူနိုင်ခဲ့တယ်လို့ ချင်းဒေသသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဗိုလ်မှုးအပါအဝင်စစ်သား ၇ဦး လက်နက်ချခဲ့ပြီး စစ်သား ၄၀ နီးပါး အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဖက်က စောင့်ရှောက်ပေးထားပြီး ဒီနေ့မှာတော့ မြန်မာပြည်ဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ (၁၄) ရက်နေ့မှာတော့ အန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲမှာ ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအမျာအပြားကို ဓာတ်ပုံတွေနဲ့တကွ ချင်းဒေသသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ရှမ်း၊ ကယား (ကရင်နီ) နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်မျက်နှာပြင် ဖွင့်ထားရတဲ့အနေအထားမှာ ရှိနေပြီး မြို့တချို့ကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်နက်ချပြီး အလင်းဝင်လာနေကြပါတယ်။

Source/Photo: The Chin Journal

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 43 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့
မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 57 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 59 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 51 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ (၉)ဦးကို စစ်တပ်ဖမ်းဆီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 41 Views
စက်တင်ဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကျင်းပတာကို ပျက်‌ပြားအောင်လုပ်တယ်ဆိုပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့ကဖြစ်ကာ သူတို့ထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ လူငယ် (၂)ဦးပါဝင်တယ်လို့
မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 56 Views
CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက် ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း နိုင်ငံတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ယမန်နေ့က အသိအမှတ်ပြုခဲ့သော ဗြိတိသျှ၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီနိုင်ငံများနှင့်
မြန်မာသတင်း

စစ်ကိုင်းမှာ ကဗျာဆရာတဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် တောင်းပန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 76 Views
တရားစွဲမယ်ဆိုရင် အရေးယူခံနိုင်တယ်လိုဆို စက်တင်ဘာလ (၂၂)ရက်။ စစ်ကိုင်းတိုင်း အရာတော်မြိုရှိ မလဲသာရွာက ကဗျာဆရာ ဦးမြင့်ဆန်းကို ဒလန်ဆိုကာ မှားယွင်းသတ်ဖြတ်မိခဲ့တဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် ကိုသက်ကြီးက မိသားစုဝင်တွေကို တောင်းပန်ခဲ့တယ်လို ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကန့်ဘလူနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 72 Views
စက်တင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က ကန့်ဘလူမြိုနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ၊ ပထမတစ်လုံးချတာက မနက်