နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ဝါရှင်တန်ဒီစီမှာ ရုံးခန်းဖွင့်လှစ်

◼ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဖွင့်လှစ်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ရုံးခန်းဖွင့်လှစ်ခဲ့ပြီး အဲဒီဖွင့်ပွဲကို ဖေဖေါ်ဝါရီ (၁၃)ရက်မှာ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး Uzra Zeya တက်ရောက်ဖွင့်လှစ်ခဲ့ပြီးအဖွင့်စကားလည်း ပြောကြားခဲ့ပါတယ်။

Photo – PVTV

ဒုနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့တို့အတွက် စိတ်အားထက်သန်ပြင်းပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအား ထုတ်မှုတွေအတွက်ခိုင်မာတဲ့လက်တွဲဖော်အဖြစ် ဆက်လက်ရပ်တည်နေမယ်လို့ ဝန်ကြီးက သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသားထားပါတယ်။

Photo – PVTV

အဲဒီနေ့ အခမ်းအနားကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ တက်ရောက်ခဲ့ကြပါတယ်။

Photo – PVTV

NUG ရုံးခန်းတွေကို လတ်တလောမှာ ချက်၊ တောင်ကိုရီးယား၊ ဂျပန်၊ နော်ဝေ၊ ပြင်သစ်နဲ့ သြစတြေးလျတို့မှာ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

Photo – PVTV

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမြိုမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 23 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပုလောမြို ထမင်းမစားရွာမှာ တပ်စွဲထားတဲ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို ပုလော-PDF ရဲ့
မြန်မာသတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 22 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်ခန့်က ကန့်ဘလူမြိုမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၇)ဦးခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်တယ်လို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 26 Views
စက်တင်ဘာလ (၈)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို
မြန်မာသတင်း

သပိတ်ကျင်းမှာ စာသင်တဲ့အိမ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေးငယ်(၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 56 Views
စက်တင်ဘာလ (၈)ရက်။ ‌မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 54 Views
စက်တင်ဘာလ (၈)ရက်။ ၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပတ်ကစပြီး အခုနှစ် စက်တင်ဘာလ (၅)ရက်အထိ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း
မြန်မာသတင်း

“မင်းအောင်လှိုင်ကဗိုလ်ချုပ်ကိုခုတုံးလုပ်”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 87 Views
“ဇင်မာအောင်ကတရုတ်ကိုအချိုသုံးထုတ်” “BGFကရွေးကောက်ပွဲကိုအားထုတ်လုပ်” ဒီခေါင်းစဥ်နဲ့ဒီအပတ်ပြောကြမှာဖြစ်ပါတယ်အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုအများပြည်သူတွေသိရအောင်ဦးထွန်းအောင်ကျော် နဲ့ဦးထွန်းကြည်တို့ နှစ်ယောက် ပြောကြားနေတာ ဒီအပတ်ဆိုရင် (၁၁)ပတ်ရှိသွားပါပြီ ခေတ်မျက်လုံးရဲ့ ရည်ရွယ်ချက်က အပတ်စဥ် မြန်မာ့နိုင်ငံ‌ရေး အလှည့်အပြောင်းတွေကို တိုးတက်ဖြစ်စဥ်တွေကို ပြည်သူတွေ မျက်ခြေမပြတ်ရအောင် တင်ပြပေးဖို့ရည်ရွယ်တာဖြစ်ပါတယ် ဘာတွေဖြစ်နေတယ် ဆိုတာသိမှ ဘာလုပ်သင့်တယ်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့ AA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 116 Views
စက်တင်ဘာလ (၆)ရက်။ မကြာသေးခင်က အာရက္ခတပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ‌ပြောဆိုထားချက်အရ သိရပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့တာကို
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးတဲ့အပေါ် CRPH အပြင်းအထန်ရှုတ်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 119 Views
စက်တင်ဘာလ (၆)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးဝါးတဲ့ နှလုံးကျန်းမာရေးအခြေအနေကို ရင်ဆိုင်နေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရတာကို ကြားသိရတဲ့အတွက် များစွာ