နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်း စစ်ကောင်စီ တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ကျုးလွန်ခဲ့ ဟု NUG ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူ ၅ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ပေါင်း ၆၄ ကြိမ် ကျုးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ၇၆၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက မတ်(၁၅) ရက်မှာ ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။

NUG ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ယင်းရွာမှာ အရပ်သား ၃၄ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ကောင်စီတပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ခဲ့ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

Era’sEyes | ဓာတ်ပုံ – CJ (အနန့်ပါလေကြောင်းတိုက်ခိုက်ခံခဲ့ရစဥ်)

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ မှုမှာ ပြည်သူ ၇၆၆ ဦးသတ်ဖြတ်ခံရပြီး အဲဒီအထဲမှာ အမျိုးသား ၄၈၂ ဦး ၊ အမျိုးသမီး ၇၈ ဦးပါဝင်ကာ ကျန်တဲ့ ၂၀၆ ဦးရဲ့အလောင်းတွေကိုတော့ ကျား၊မ စစ်ဆေးဖို့ မလွယ်ကူခဲ့ဘူးလို့ NUG ကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အများဆုံးခံရတဲ့ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၄၆ ကြိမ် ရှိခဲ့ကာ စစ်ကိုင်းဒေသခံ ပြည်သူ ၄၄၉ ဦး သေဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးက အားရစရာအခြေအနေတခုကို ရောက်နေပြီလို့ NUG ပြော

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ ပြည်သူ့အင်အားနဲ့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးက အားရစရာအခြေအနေတစ်ခုကို ရောက်ရှိနေပြီလို့ NUG ရဲ့ အိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ
မြန်မာသတင်း

နိုင်ငံတဝန်း (၅)လတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ အခု(၅)လတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈၆၉)ဦးသေဆုံးခဲ့တယ်လို့ ဗမာ ဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှုစောင့်ကြည့်အစီအစဉ်(BFNW)ရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလကစပြီး
မြန်မာသတင်း

ပအိုဝ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက ပြည်သူ (၆၀)ကျော်သတ်ဖြတ်ခဲ့ပြီး နေအိမ် (၆၀၀)ကျော် ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 1 Views
ဇွန်လ (၁၇)ရက်။ ပအိုဝ်းဒေသ တိုက်ပွဲ (၃)လကျော်ကာလထဲ စစ်ကောင်စီက ပြည်သူ (၆၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် (၆၀၀)ကျော် ဖျက်ဆီးခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပအိုဝ်းဒေသကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့
1027 Operations မြန်မာသတင်း

စစ်ကောင်စီရဲ့ ဒရုန်းနဲ့လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နေ့လယ်(၃)နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့၊ ဘန့်ဘွေရွာကနေ
မြန်မာသတင်း

ရန်ကုန်အခြေစိုက် Dark Shadow အဖွဲ့ဝင် (၄)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သံလျင်တံတား အမှတ်(၃)ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ စီစဉ်တယ်ဆိုပြီး ဖမ်းဆီးခဲ့ရာက Dark
မြန်မာသတင်း

ကချင်က တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြောဆို

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဝိုင်းမော်မြို့ရှိ တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ဆဒုံးဗျူဟာကုန်းအပါအဝင် နယ်ခြားစောင့်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့က ဇွန်လ
မြန်မာသတင်း

ကြပ်ညှပ်စွာနေရတယ်ဆိုတဲ့သတင်းတွေကြောင့် အိုးဘိုထောင်က နိုင်/ကျဉ်း (၇၀)ကျော်ကို ထောင်ပြောင်းရွှေ့

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ဇွန်လ (၁၅)ရက်နေ့ နံနက်(၂)နာရီခန့်ကစပြီး မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင်ထဲက နိုင်ငံရေးအကျဉ်းသား (၇၀)ကျော်နဲ့ မူးယစ်(၃)ဦးခန့်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မန္တလေး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအချို့ကို မြင်းခြံထောင်သို့
မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ပြီးခဲ့တဲ့ရက်က လမ်းထဲမှာ စကစအဖွဲ့တွေက ဧည့်စာရင်းဆိုပြီး ဝင်စစ်တာ၊ သူတို့က ဧည့်စာရင်းစစ်ရင်းနဲ့