ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများအဖြစ် စစ်ကောင်စီ က ကြေညာ
မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် ကျေးရွာများရှိ နေ အိမ်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ဘုရား ဓာတ်လှေကားမှာလည်း ပျက်စီးသွားပြီး၊ ထီးတော် အနည်းငယ်စောင်းခြင်း၊ ကြိုးတံတားပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ(၁၇)မြို့နယ် အား သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများအဖြစ် စစ်ကောင်စီ က ကြေညာ လိုက်ပါတယ် အဲဒီမြို့နယ်တွေက တော့
(၁)ကျောက်ဖြူ
(၂)မာန်အောင်
(၃)ရမ်းဗြဲ
(၄)အမ်း
(၅)စစ်တွေ
(၆)ပေါက်တော
(၇)ပုဏ္ဏားကျွန်း
(၈)ရသေ့တောင်
(၉)ဂွ
(၁၀)တောင်ကုတ်
(၁၁)သံတွဲ
(၁၂)မောင်တော
(၁၃)ဘူးသီးတောင်
(၁၄)ကျောက်တော်
(၁၅)မင်းပြား
(၁၆)မြောက်ဦး
(၁၇)မြေပုံ စတဲ့မြို့တွေပဲ ဖြစ်ပါတယ်။
လက်ရှိအခြေနေတွေအရကတော့ စစ်တွေ၊ ကျောက်တော်၊ မောင်တော၊ မြောက်ဦး၊ ဂွ၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ အမ်း၊ သံတွဲအစရှိသည့် မြို့နယ်တွေမှာ အဆောက်အအုံ၊ နေအိမ်များ ပျက်စီးမှုများပြီး မြို့နယ်တချို့တွင် ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။
Era’sEyes/ဓာတ်ပုံ – Zeyar Htun Z