နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်အား ၁၀၀ကျော်ပါ စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်

ခင်ဦးကနေ ရေဦးကို ပြန်လာတဲ့ အင်အား ၁၀၀ကျော်ပါ စစ်တပ် စစ်ကြောင်းကို ဇွန် ၁၄ ရက်မှာ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးအနောက်ဘက် မြို့အထွက်ရှိ ကတ္တရာလမ်းမှာ စစ်ကောင်စီ တပ်တွေကမိုင်းရန်ကြောက်ပြီး လယ်လမ်းကြောင်းကနေသွားတဲ့စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကတ္တရာလမ်းပေါ်ကနေ စနိုက်ပါအပါအဝင် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြတာပါ။

နှစ်ဘက်အပြန်အလှန် ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ဘက်တော်သားများ ထိခိုက်ကျဆုံးမှုမရှိ ပဲ စစ်တပ်ဘက်က ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အဲဒီကနေ ကံသစ်ကျေးရွာကို ဝင်လာတဲ့ စစ်တပ် စစ်ကြောင်းကို ရွာအတွင်းနဲ့ ရွားအနီးဝင်းကျင်တွေ အပါအဝင် ကံသစ်တံတားအစရှိတဲ့ ၇ နေရာမှာ ပေဒသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ကံသစ်ကျေးရွာအတွင်းကနေအိမ် ၃၃ လုံးကို ၅ ကြိမ်မြောက်အဖြစ်နဲ့ မီးရှို့ဖျက်ဆီးသွားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက် အနည်းဆုံး ၂ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဂွေးကုန်းကျေးရွာ အေနာက်ဘက် မိုဘိုင်းဖုန်းတာဝါတိုင်အနီးမှာ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရကာ သာဂရရွာထဲကို ထမ်းသယ်သွားတယ်လို့ သိရပါတယ်။

Era’sEye/Video/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောက်မြို့မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာ၀က
မြန်မာသတင်း

ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကင်းစေဖို့ MDY-PDF က ရှင်းလင်းပြောဆိုတာတွေပြုလုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 9 Views
ဇူလိုင်လ (၂၆)ရက်။ ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကင်းရှင်းဖို့ MDY-PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ရှင်းလင်းပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

လားရှိုးတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 6 Views
ဇူလိုင်လ (၂၆)ရက်။ တိုက်ပွဲတစ်လတာကာလထဲ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေရှိရာဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတို့ကြောင့် အရပ်သားနေအိမ် (၉)လုံးထက်မနည်း
မြန်မာသတင်း

ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလ NUG ရက်ထပ်မံတိုးမြှင့်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို NUG ပညာရေး၀န်ကြီးဌာနက ရက်ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို အရင်က ဇွန်လ
မြန်မာသတင်း

စစ်ကောင်စီက ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ်တိုးမြှင့်ပေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 5 Views
ဇူလိုင်လ (၂၆)ရက်။ ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ် တိုးမြှင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံ/ဘဏ္ဍာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၀န်ထမ်းတွေ စား၀တ်နေရေးနဲ့ သက်သာချောင်ချိဖို့ကို အထောက်အကူဖြစ်စေဖို့အတွက် လစာနှုန်းထားတိုးမြှင့်တာနဲ့ အပိုထောက်ပံ့ကြေးတွေကို ပေးနေတာလို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိမြင့်တက်၊ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 9 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နံနက်အစောပိုင်းမှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၂၂)တပ်က မိုးဗြဲရေကာတာရေတံခါးကို အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိ မြင့်တက်ခဲ့တယ်လို့ ကရင်နီ-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက
မြန်မာသတင်း

နေပြည်တော်မှာ ဘင်းမ်စတက်လုံခြုံရေးအကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 7 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နေပြည်တော်မှာ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ စစ်အာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ ဘင်းမ်စတက်အဖွဲ့၀င်နိုင်ငံတွေအကြား စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အပါအ၀င် လူမှုရေးဆိုင်ရာလိုအပ်ချက်တွေနဲ့
မြန်မာသတင်း

NUG ၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေနဲ့ စစ်လော်ဘီတွေ မဟုတ်မမှန် ဝါဒဖြန့်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 12 Views
ဇူလိုင်လ (၂၆)ရက်။ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုး (၇)ဦးကို သတ်ဖြတ်တယ်ဆိုပြီး စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မနေ့ညပိုင်းအချိန်ကစပြီး ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်လော်ဘီတွေအသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးသား (၇)ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ထားတဲ့