နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီ တနင်္သာရီတိုင်းဝန်ကြီးချုပ်ယာဥ်တန်း တိုက်ခိုက်ခံရ

ထားဝယ်မြို့ နည်းပညာတက္ကသိုလ်ကို အလည်ပတ်လာတဲ့ စစ်ကောင်စီ တနင်္သာရီတိုင်း ဝန်ကြီးချုပ်လိုက်ပါလာတဲ့ယာဥ်တန်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dawei Guerrilla Revolutionary Force-DGRF ဆီက သိရပါတယ်။

မနေ့မနက် ၇ နာရီ ၁၅မိနစ်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့အနီးမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်မြတ်ကိုယာဥ်တန်းမှာ လုံခြုံရေးယူလိုက်ပါလာတဲ့ Vigo ယာဥ်တစ်စီးကို စနိုက်ပါနဲ့ လေးချက်ပစ်ခတ်ခဲ့ရာ ယာဥ်ပေါ်ပါသူတချို့ သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက စနိုက်ပါရဲဘော်ရှိတဲ့နေရာကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာရာ စနိုက်ပါသမားမှ လက်ဦးမှုယူပစ်ခတ်နိုင်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ဝန်ကြီးချုပ်ယာဥ်တန်း ထားဝယ်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိချိန် နေ့လယ် ၁၂ နာရီလောက်မှာလည်း DGRF နဲ့ ပူးပေါင်းတပ်တွေက (၈၀) မမ၊ (၇၉) မမ စတဲ့လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ဦးထက်မနည်းရှိတယ်လို့ DGRF က အသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF တွေကိုဖမ်းမိရင် ဓါးနဲ့မွှန်းမယ်ဆိုပြီး ကြွေးကြော်တဲ့ ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ မနေ့က ညနေ(၄)နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ကျွဲဘောင်ဘင်ရွာနေ ပျုစောထီး ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဗန်းမော်မြို့ထဲ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က ဗန်းမော်မြို့ထဲ နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီဟာ ဇန်နဝါရီလ (၂၃)ရက်နေ့ရက်စွဲနဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ နည်းဥပဒေကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်နဲ့ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနည်းဥပဒေထဲ စစ်မှုထမ်းဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီတပ်သား(၂)ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 4 Views
ဇန်နဝါရီလ (၂၄)ရက်။ စစ်ကောင်စီတပ်သား (၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အဲ့ဒီဗီဒီယိုက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလောက်က ဖြစ်ခဲ့တာပါ။ ကျောက်တော်မြို့နယ်ထဲက စကခ(၉)
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 11 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 13 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 18 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 19 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ