၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ရန်ကုန်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ဖော်ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ နိုဝင်ဘာလ (၁၅) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီး အမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ အခြေအနေပိုမို ပြင်းထန်လာခြင်းမှ ရှောင်ကြဉ်ရန် ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။