၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။
လားရှိုးတက္ကသိုလ်မှာ ကျင်းပနေတဲ့ စာမေးပွဲတွေကို ဒီကနေ့ နိုဝင်ဘာလ (၁၆)ရက်ကစပြီး ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဝေးသင်-သင်တန်း၊ ၂၀၂၃ ပညာသင်နှစ် တတိယသုတ် စာမေးပွဲဖြေဆိုတာကို ရက်ရွှေ့ဆိုင်းတာကို ဒီကနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့ရက်စွဲနဲ့ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က လက်မှတ်ရေးထိုး ပြောဆိုထားပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ဒီကနေ့ နိုဝင်ဘာလ (၁၆) ရက်မှာ တယ်လီဖုန်းနဲ့ ညွှန်ကြားချက်အရ ရက်ရွှေ့ဆိုင်းတာဆိုပြီး ဖော်ပြထားပါတယ်။
လားရှိုးတက္ကသိုလ်မှာ တတိယသုတ်အနေနဲ့ မြန်မာစာနဲ့ သမိုင်းအထူးပြု သင်တန်းနှစ်တွေ အားလုံးရဲ့ ကျင်းပနေတဲ့ စာမေးပွဲဖြေဆိုချိန်တွေကို ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ရက်ရွှေ့ဆိုင်းတာလို့ အသိပေးကြေညာထားချက်အရ သိရပါတယ်။