နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ကချင်ပြည်နယ်ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

ကချင်– စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်လိုက်ရတဲ့စစ်ကောင်စီဟာ ကချင်ပြည်နယ်ကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ တစ်ပတ်လောက်ရှိပြီလို့ ဒေသတွင်း သတင်းမီဒီယာတွေဆီက သိရပါတယ်။

အောက်တိုဘာလ (၃၁) ရက်နေ့ မနက် (၆) နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ကန်တော်ယန်ရွာ စစ်ကောင်စီစခန်းကို တိုက်ပွဲဖြစ်ပြီး (၃) နာရီအကြာ မနက် (၉) နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA က အတည်ပြုပြောဆိုထားပါတယ်။

ကန်တော်ယန်စခန်းဟာ ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ နှစ်ပေါင်းမြောက်များစွာ အခိုင်အမာ အထိုင်ချထားတဲ့ စခန်းဖြစ်တာကြောင့် စခန်းသိမ်းတိုက်ပွဲကို နာရီပိုင်းအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့သတင်းဟာ ဒေသခံပြည်သူတွေအကြား မယုံကြည်စရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်တော်ယန် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်လက်နက်ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိပြီး တိုက်ပွဲမှာစစ်တပ်ဘက်က အရာရှိ တပ်သား အများအပြားလည်း သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ်ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့အတွက် စခန်းတွင်းပြင်ဆင်မှုအားနည်းပြီး အလစ်ငိုက် တိုက်ခိုက်ခံလိုက်ရပြီး အချိန်တိုအတွင်းမှာပဲ စခန်းကျသွားခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သိရပါတယ်။

အဲဒီနောက်မှာတော့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အပြင် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခရာဘွမ်၊ ဘွမ်ရေဘွမ်ကနေ နေ့ည လက်နက်ကြီး ပစ်ခတ်တာအပြင်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ကနေလည်း နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတဲ့ ရွှေညောင်ပင်ရွာနားက ခမရ ၃၂၁ စခန်းကို KIA-PDF တွေ ဒရုန်းနဲ့ ၁၀ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

အဲဒီနေ့ကတည်းကနေ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်သွားတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇွန်လမှာလည်း ရခိုင်ပြည်နယ်ကိုလည်း အင်တာနက်ဖြတ်တောက်မူများ ပြုလုပ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (AA) ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ စစ်ဆင်ရေးပြုလုပ်မယ့်နယ်မြေတွေမှာ အင်တာနက်ကို ကြိုပြီး ဖြတ်တောက်လေ့ရှိပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေကလည်း စစ်တပ်ကအခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ ကချင်ပြည်နယ်တွင်း တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရှုမြင်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့