နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့မရဲစခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့မရဲစခန်းကို စစ်ကောင်စီက ဒီကနေ့ နံနက် (၉)နာရီအချိန်မှာ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ မနက် ၉ နာရီမှာ လေယာဉ် ၃ စီးနဲ့ စက်သေနတ်တွေနဲ့ မြို့မရဲစခန်းကို လာပစ်တာ။ ပေါက်တောမြို့ကို AA က ထိန်းချုပ်ခဲ့တာကြောင့် လေကြောင်းနဲ့လာတိုက်တာဖြစ်တယ်” လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီက လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ဗုံးကြဲတာနဲ့ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ (၁၅)ရက်နေ့ ည (၁၀) နာရီကျော်လောက်မှာ သေနတ်ပစ်ဖောက်ပြီး အလင်းဝင်ရန် မေးမြန်းခဲ့ရာက ရဲတပ်ဖွဲ့တစ်ခုလုံး လက်နက်ချ အလင်းဝင်ခဲ့တာပါ။

အခုအချိန်ဟာ ပေါက်တောမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအားလုံးကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 9 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 28 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 18 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား
မြန်မာသတင်း

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 19 Views
ဩဂုတ်လ (၅)ရက်။ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 14 Views
ဩဂုတ်လ (၅)ရက်။ ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား
မြန်မာသတင်း

ဝေါလေမြိုင်ရှိ DKBA စစ်ရေးချုပ်နေအိမ် အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 26 Views
ဩဂုတ်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန် မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ဒေသရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစက ဝေါလေဗျူဟာကုန်းပေါ်ကနေ ဝေါလေမြိုင်မြို့ထဲကို အဝေးပစ်လက်နက်တွေနဲ့
မြန်မာသတင်း

မူးမြို့နဲ့ လယ်ဒိုမြို့တိုက်ပွဲထဲ စစ်သုံ့ပန်း (၂၆)ဦး ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 29 Views
ဩဂုတ်လ (၄)ရက်။ ဇွန်လ (၂၅)ရက်နေ့က မူးမြို့နယ်နဲ့ လယ်ဒိုမြို့တို့မှာ စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မူးမြို့နယ် တောင်စုရွာမှာ စစ်ကြောင်းထိုးပြီး
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုပြီး ကြံ့ဖွတ်ပါတီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 28 Views
ဩဂုတ်လ (၄)ရက်။ ဩဂုတ်လ (၁)ရက်နေ့က ရန်ကုန်ရှိ ကြံဖွတ်ပါတီ(USDP)ရုံးခွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနဲ့