နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး မြန်မာသတင်း အာရှ

သမ္မတ ဂျိုးဘိုင်ဒန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ဆန်ဖရန်စစ်စကို။

သမ္မတ ဂျိုးဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့သည် ငြိမ်သက်နေသော စစ်ဘက်ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်အသက်သွင်းရန်၊ fentanyl ဆေးဝါး တရားမဝင်တင်သွင်းမှုအား နှိမ်နင်းရန်နှင့် ဉာဏ်ရည်တုဆိုင်ရာ လျင်မြန်သောတိုးတက်လာမှုများကို ဖြေရှင်းရန်အတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

လေးနာရီကြာ ထိပ်သီးဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား တနှစ်အကြာ တင်းမာမှုများ မြင့်တက်နေခြင်းကိုလျော့ကျစေခဲ့ပြီး နှစ်နိုင်ငံသည် တိုက်ရိုက်ပဋိပက္ခဆီသို့ ဦးတည်သွားနေသည့် စိုးရိမ်ကြောက်ရွံ့မှုများအား လှုံ့ဆော်ပေးသည့် အခြေအနေကို ငြိမ်သက်သွားစေခဲ့သည်။

ယင်းနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘိုင်ဒန်က “ သူတို့ဟာ ကျွန်တော်တို့ လုပ်ဖူးသမျှ အပြုသဘောအလွန်ဆောင်တဲ့ ဆွေးနွေးမှုတွေထဲက အချို့ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ လူချင်းတွေ့ဆုံမှု နည်းပါးပြီး စကားမပြောဘဲ တစ်နှစ်ပြည့်သွားပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် လိုအပ်သည့်အခါ ဖုန်းကိုင်ကာ အချင်းချင်း တိုက်ရိုက်ခေါ်ဆိုနိုင်သည့် လိုင်းဖွင့်ထားရန် သဘောတူခဲ့ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးကို ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် ၃၅ မိုင်အကွာရှိ Woodside ရှိ ၆၅၄ ဧကကျယ်ဝန်းသော Filoli အိမ်ခြံမြေတွင် ကျင်းပခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် အာရှ-ပစိဖိတ်နိုင်ငံများ၏ သီးခြားထိပ်သီးအစည်းဝေးတွင် ပါဝင်တက်ရောက်နေပါသည်။

ထိပ်တန်းအကြံပေးများနှင့် တရားဝင်အစည်းအဝေးအပြီးတွင် ရှီနှင့် ဘိုင်ဒင် တို့သည် အလုပ်သဘော နေ့လယ်စာစားရန် ထပ်မံ တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းတွင် ကင်မရာများရှေ့တွင် အတူတကွ ကွင်းထဲသို့ဆင်းလာခဲ့ကြသည်။ သူတို့သည် တစ်ကြိမ်တွင် သတင်းထောက်များက ဆွေးနွေးပွဲ အခြေအနေဘယ်လိုရှိသလဲလှမ်း၍ မေးမြန်းခြင်းကို တုံ့ပြန်ရာတွင် ဘိုင်ဒင်က “အခြေအနေကောင်းတယ်” ဟု လက်မထောင်ပြခဲ့သည်။

သို့သော် အဓိကအားဖြင့် ထိုင်ဝမ်၏ အနေအထားသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ယိုယွင်းသွားစေသည့် ကာလရှည်ကြာ ရပ်တည်နေသော ပြဿနာအချို့အပေါ် အောင်မြင်ရန် ခက်ခဲမည်ဖြစ်သည်။ ဘိုင်ဒင်အနေနှင့် တရုတ်နိုင်ငံသည် ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိနိုင်သည့် ပြိုင်ဘက်ဖြစ်ကြောင်း ၎င်း၏ယုံကြည်ချက်ကို ပြန်လည်အကဲဖြတ်သည့် အရိပ်အယောင် မပြခဲ့ပါ။ နာမည်ကောင်းရဖို့သက်သက်ဖြင့် တရုတ်၏ ပူးပေါင်းဆောင်ရွက်မည့်ကတိများကို လက်ခံမည်မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ သတင်းထောက်တစ်ယောက်က ရှီကို ယုံကြည်သလားလို့ မေးတဲ့အခါ ဘိုင်ဒင်က ၁၉၈၀ ခုနှစ်တွေမှာ သမ္မတဟောင်း ရော်နယ်ရီဂင်နဲ့ ဆိုဗီယက်ယူနီယံနဲ့ လက်နက်ထိန်းချုပ်ရေးသဘောတူချက်ကို ညှိနှိုင်းရာမှာ သုံးစွဲခဲ့သည့် စကားတစ်ခွန်းကို အသုံးပြု ပြောခဲ့ပါသည်။ “ ယုံကြည်ပါ ၊ စိလည်းစိစစ်ပါ။”

သတင်းစာရှင်းလင်းပွဲတွင် ရှီကို အာဏာရှင်တစ်ဦးအဖြစ်မြင်သလားဟု မေးမြန်းရာတွင် ဘိုင်ဒင်က “သူသည် အာဏာရှင်တစ်ဦးဖြစ်သည်” ဟု နွေရာသီတွင်ပြောကြားခဲ့သည်။ ရှီသည် အမေရိကန်နှင့် အခြေခံကျကျ ကွဲပြားသည့် အုပ်ချုပ်သည့်စနစ်ရှိ ကွန်မြူနစ်နိုင်ငံကို အုပ်ချုပ်သူဖြစ်သည်ဟု ဘိုင်ဒင်က ဆိုသည်။ “ ဒီအသုံးအနှုန်းက သဘာဝအတိုင်း ပြောဆိုခဲ့ပေမယ့် ထိပ်သီးအစည်းဝေးပွဲမှာရှိတဲ့ တရုတ်လူမျိုးတွေက ဒီကိစ္စဟာ သူတို့ကို ထိရှမှုရှိတယ်လို့ ခံစားကြတယ်” ဟု Stimson Center မှ တရုတ်အစီအစဉ် ၏ ဒါရိုက်တာ ယွန်ဆန်း (Yun Sun) က အီးမေးလ်တစ်စောင်တွင် ပြောကြားခဲ့သည်။ “ အခုအစည်းအဝေးပြီးသွားပြီဖြစ်တဲ့အတွက် ဒီအသုံးအနှုန်းကို ဘိုင်ဒင်က ပိုသက်တောင့်သက်သာရှိရှိ သုံးနိုင်မယ်ထင်တယ်” ဟုဆိုသည်။ တရုတ်နိုင်ငံသည် ယခုအချိန်တွင် သဘောတူညီချက်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ဘိုင်ဒင်၏ မှတ်ချက်သည် နှစ်နိုင်ငံဆက်ဆံရေး၏ အနာဂတ်အတွက် အလားအလာကောင်းများကို မပြသခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။

အစောပိုင်းက ဘိုင်ဒင်က “ ကျွန်တော်တို့ဟာ ပြိုင်ဆိုင်မှုရှိတဲ့ ဆက်ဆံရေးတစ်ခုထဲမှာရှိနေတယ်၊ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဆိုင်နေကြပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ တာဝန်က ဒါကို ဆင်ခြင်တုံတရားနဲ့ စီမံခန့်ခွဲနိုင်စေဖို့အတွက်ပါ၊ ဒါကြောင့် ပဋိပက္ခတွေ မဖြစ်ပေါ်စေပါဘူး။ ဒါကိုပဲ ကျွန်တော် လုပ်ဆောင်နေတာပါ။ အားလုံးဟာ ဒီကိစ္စ အကြောင်းဘဲပဲ ဖြစ်ပါတယ်။” ဟု ပြောခဲ့သည်။ထို့ပြင် ဘိုင်ဒင်သည် နှစ်ဖက်သဘောတူချက် ရရှိခဲ့သည့် နယ်ပယ်သုံးရပ်ကို ချီးကျူးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် တရားမဝင်မူးယစ်ဆေးပျံ့နှံ့မှုကို ဖြစ်ပေါ်စေသည့် fentanyl ရှေ့ပြေးနိမိတ်များကို ဖြတ်တောက်မည့် အစီအစဉ်ကို တရုတ်နှင့် ဆွေးနွေးခဲ့ကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ “အခြေခံအားဖြင့် သမ္မတကြီး ပြောတာက ကြည့်လိုက်ရင် ဒီမူးယစ်ဆေးဝါး ပြဿနာဟာ အမေရိကန်မှာ ကြုံဖူးသမျှထဲမှာ အဆိုးဆုံးပါပဲ။ နှစ်စဉ် သောင်းနဲ့ချီတဲ့ အမေရိကန်တွေ သေကြေပျက်စီးနေရတယ်” ဟု အရာရှိက ဆိုသည်။

တရုတ်နှင့် အမေရိကန် စစ်သင်္ဘောများနှင့် လေယာဉ်များအကြား အနီးကပ်စောင်နေမှုများအပြီးတွင် တရုတ်အနေဖြင့် တနိုင်ငံနှင့်တနိုင်ငံစစ်ရေး ဆက်သွယ်ရေးလိုင်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ခြင်းကြောင့် အမေရိကန် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ မရည်ရွယ်သည့် ပဋိပက္ခကို ကာကွယ်ရန် ရည်ရွယ်သည့် တဖက်နှင့်တဖက် စစ်ဘက်ဆိုင်ရာခြင်း ဆွေးနွေးပွဲများ ပြန်လည်စတင်ကြောင်း ကြေညာရာတွင် ဘိုင်ဒင်က “အရေးကြီးသော မှားယွင်းစွာ တွက်ချက်မှုများ” သည် “အမှန်တကယ် ပြဿနာ” ဖြစ်စေနိုင်သည်ဟု ဆိုသည်။ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးကို တရုတ်အစိုးရမှ ခန့်အပ်ပြီးပါက ထိုသူနှင့် သူက တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ယခင်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu) သည် လွန်ခဲ့သည့် ရက်သတ္တပတ်များက အုပ်ချုပ်ရေးမှ နုတ်ထွက်ခဲ့သည်။ လီသည် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုကို ခံခဲ့ရသည်။

နိုင်ငံများသည် အကြီးတန်း စစ်ဘက်ဆိုင်ရာတပ်မှူးများနှင့် မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံခွင့် ပြုသည့် “စစ်ဆင်ရေး ဆောင်ရွက်မှုများ” ကို ထူထောင်နေကြသည်ဟုလည်း အရာရှိက ဆိုသည်။ ထိုင်ဝမ်သည် နှစ်ဖက်စလုံးအတွက် တင်းမာသော ပြဿနာတစ်ခုအဖြစ် ရှိနေသေးသည်။

ရှီကျင့်ဖျင်သည် တရုတ်နှင့် ထိုင်ဝမ်ကို ပေါင်းစည်းလိုပြီး တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီဟု ဆိုထားသည်။ ဘိုင်ဒင် ၏ “ တရုတ်တစ်နိုင်ငံတည်း” မူဝါဒသည် ထိုင်ဝမ်လွတ်လပ်ရေးကို မျက်နှာသာမပေးသော်လည်း ထိုင်ဝမ်ကို အန္တရာယ်ဖြစ်စေသည့် ရန်လိုသည့် စစ်ရေးလှုပ်ရှားမှုများကိုမူ သူက ကန့်ကွက်ခဲ့သည်။

ဇန်နဝါရီလတွင် ထိုင်ဝမ်ကျွန်း၏ သမ္မတရွေးကောက်ပွဲမတိုင်မီ တရုတ်က ထိုင်ဝမ်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လေးစားရန် ဘိုင်ဒင်က တောင်းဆိုခဲ့သည်။ ရှီက ငြိမ်းချမ်းရေးသည် “အားလုံးအဆင်ပြေပြီး ကောင်းပါတယ်” ဟု စောဒကတက်ခဲ့သော်လည်း အမေရိကန်အရာရှိက နောက်ဆုံးတွင် ၎င်းတို့သည် ဆုံးဖြတ်ချက်ဆီသို့ ဦးတည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးနှင့် အထိခိုက်မခံနိုင်ဆုံး ပြဿနာမှာ ထိုင်ဝမ်မေးခွန်းဖြစ်ကြောင်း တရုတ်အရာရှိ ဟွာချွန်းယင်း (Hua Chunying) က လူမှုကွန်ရက်စာမျက်နှာ X တွင် ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အမေရိကန်က ထောက်ခံသင့်သည်ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။ “တရုတ်က ပြန်လည်ပေါင်းစည်းရေးကို သဘောပေါက်မှာဖြစ်ပြီး ဒါက ရပ်တန့်လို့မရပါဘူး” ဟု သူမက X တွင် ရေးသားခဲ့သည်။

“ ကျွန်တို့ရဲ့ စကားဝိုင်းကို ကျွန်တော် တန်ဖိုးထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားနဲ့ ကျွန်တော်ဟာ တစ်ယောက်နဲ့ တစ်ယောက် ပြတ်ပြတ်သားသား နားလည်မှုရှိဖို့ အရေးကြီးဆုံးပဲ၊ ခေါင်းဆောင်တယောက်နဲ့ ခေါင်းဆောင်တယောက်ကြား၊ အထင်အမြင်လွဲမှားမှုတွေ၊ လွဲမှားစွာ ပြောဆိုဆက်ဆံမှုတွေ မရှိစေရဘူး” ဟု ဘိုင်ဒင် က ဆိုပါသည်။

“တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးနှစ်ခုအတွက် တစ်ယောက်ကိုတစ်ယောက် နောက်ကြောင်းပြန်လှည့်တာဟာ ရွေးချယ်စရာနည်းလမ်းမဟုတ်ပါဘူး” ဟု ရှီက ပြောကြားခဲ့သည်။ “ တစ်ဖက်က တစ်ဖက်ရဲ့ပုံစံကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ လက်တွေ့မကျဘူး၊ ပဋိပက္ခတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေက နှစ်ဖက်စလုံးအတွက် သည်းမခံနိုင်တဲ့ အကျိုးဆက်တွေရှိတယ်” ဟု ရှီကဆိုသည်။

ထိပ်သီးအစည်းအဝေးသည် ပေါ့ပါးသည့်အခိုက်အတန့်အချို့ ရှိခဲ့သည်။ ဘိုင်ဒင်သည် လာမည့်တနင်္လာနေ့တွင် အသက် ၈၁ နှစ် ပြည့်မည်ဖြစ်သည်။ ရှီ၏ဇနီးသည် ဘိုင်ဒင်နှင့် မွေးနေ့တူသည်။ ဘိုင်ဒင်က သူမကို ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ပြောလိုက်တဲ့အခါ ရှီက “ သူ အရမ်းကြိုးစားပြီး အလုပ်လုပ်နေခဲ့တဲ့အတွက် သူ့မိန်းမမွေးနေ့ကို မေ့သွားခဲ့တယ်” ဟု ဆိုခဲ့သည်။ “ ဒီလိုသတိပေးချက်အတွက် ဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်း” ရှီက ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် ဒုတိယသမ္မတ ကင်မလာဟဲရစ် နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒင် တို့လည်း တက်ရောက်ကြမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအတွက် ဆန်ဖရန်စစ္စကိုတွင် ညနေခင်းဧည့်ခံပွဲသို့ ဘိုင်ဒင်လည်း တက်ရောက်ရန် စီစဉ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 5 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 23 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 23 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊