နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ချင်းပြည်နယ် ဝေလူးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက် ကလေးငယ်များ အပါအဝင် (၁၁) ဦး သေဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို မနေ့က နိုဝင်ဘာလ (၁၅) ရက်နေ့ ည (၇) နာရီကျော်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနှစ်စင်းနဲ့ တိုက်ခိုက်ခံရလို့ မိသားစုဝင် (၅) ဦး၊ အသက် (၄) နှစ်အရွယ်အပါအဝင် (၁၁) ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးဟာလောင်းရဲ့ အကြီးဆုံးသားဖြစ်သူမှာ အသက် (၉) နှစ်ဝန်းကျင်ရှိပြီး အငယ်တွေက ၆ နှစ်နဲ့ ၄ နှစ်အရွယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိထားတဲ့ အမျိုးသမီး (၃) ဦးလည်း ရှိတယ်လို့ သိရပါတယ်။ ရွာထဲက စာသင်ကျောင်းနဲ့ လူနေအိမ်အဆောက်အအုံ (၆) လုံးထက်မနည်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ပညာရေး CDM ဆရာ ဦးဟာလောင်းဟာ ကလေးများ ညစာကျက်ဝိုင်းသင်ကြားပေးနေချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲခံရတာဖြစ်ပြီး၊ ဆရာဦးဟာလောင်းအပါအဝင် မောင်ရှမွေလ အသက် (၁၀) နှစ် (အဘ ဦးဟာလောင်း) ၊ မောင်ကီးနိုင်း အသက် (၉) နှစ် (အဘ ဦးဟာလောင်း)၊ မောင်ဉာဏ်ဝင်းအောင် အသက် (၅) နှစ် (အဘ ဦးဟာလောင်း)၊ မဇွန်လီဆန်း အသက် (၈) နှစ် (အဘ ဦး မိန်ကာ)၊ မောင်ဟုန်းဘူ အသက် (၅) နှစ် (အဘ ဦး မိန်ကာ)၊ မောင်ရွှေဟဲန်း (၃) လ သား (အဘ ဦးမိန်ကာ) သေဆုံးပြီး ဦးသဲနိုင် အသက် (၃၉) နှစ် ၊ ဦးအွမ်စာ အသက် (၇၀) နှစ်နဲ့ ဦးနိုင်နူတို့ သေဆုံးခဲ့တယ်လို့ ချင်းဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီရွာအနီးမှာ AA စခန်းရှိတာကြောင့် အခုလိုတိုက်ခိုက်တာလို့ သိရပါတယ်။

Photo: Dai Revolution News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 38 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 39 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 32 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 30 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 34 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 441 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 38 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့