နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့တာကို ကြိုဆိုကြောင်း CRPH ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်၊ ခေတ်မျတ်လုံး။

ဥရောပသမဂ္ဂရဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် (၄)ဦးနဲ့ စီးပွားရေးလုပ်ငန်း (၂)ကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီလိုအရေးယူပိတ်ဆို့ရာမှာ စစ်ကောင်စီအဖွဲ့ဝင် (၂)ဦးနဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးအပါအဝင် ကရင်နီက လေကြောင်းတိုက်ခိုက်တာတွေအတွက် တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးနဲ့ စစ်လက်နက်နဲ့အခြားပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြင်မှာ နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံများစွာက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေကို တိုးမြှင့်ချမှတ်ပေးဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်တာတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေဆီကို အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့အတွက်လည်း နည်းလမ်းသစ်တွေနဲ့ ကူညီပေးဖို့ CRPH က ပြောဆိုထားပါတယ်။

ဒါ့ပြင် လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား ချေမှုန်းနေတဲ့ စစ်ကောင်စီထံ လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေ တားမြစ်ပိတ်ပင်နိုင်ဖို့အတွက် နိုင်ငံတကာက ပူးပေါင်းပါဝင်လာဖို့ ဥရောပသမဂ္ဂအနေနဲ့ အလေးထားကြိုးပမ်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကြိုးပမ်းလုပ်ဆောင်ရာမှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့အတွက်လည်း ခိုင်မာစွာ ရပ်တည်ပေးဖို့နဲ့ ထိရောက်စွာ ပံ့ပိုးပေးဖို့ တောင်းဆိုထားပါတယ်။

အခုအချိန်ဟာ အရပ်သားအုပ်ချုပ်ရေးစနစ် ပိုမိုအားကောင်းလာစေဖို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ CRPH က ထည့်သွင်းတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်၊

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့