၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ဗျူဟာအမှတ်-၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလအတွင်းမှာပြုလုပ်ကျင်းပခဲ့တယ်လို့ KNDF က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ဒီသင်တန်းဆင်းပွဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ ရဲဘော်သစ်အင်အားပေါင်းများစွာနဲ့အတူ Sniper တပ်ဖွဲ့ဝင်တွေလည်း စစ်သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်မှာ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံက KNDF ရဲဘော်တွေ မြေပြင်တိုက်ပွဲဝင်နေကြတဲ့အချိန်၊ နောက်တန်းက ရဲဘော်သစ်တို့ကလည်း တိုက်ပွဲဝင်ရန်အတွက် ခွန်အားအပြည့်နဲ့ အဆင်သင့်ဖြစ်နေကြပြီလို့လည်း အသိပေးထားပါတယ်။
တစ်ချိန်တည်းမှာပဲ မိမိတို့ဖက်မှ နည်းစနစ်တကျ စစ်အင်အားဖြည့်တင်းနေသလို စစ်ကောင်စီဟာလည်း မိမိတို့ရဲ့ အကြမ်းဖက်စစ်တပ် အင်အားကို ထောင်အတွင်းက ပြစ်ဒဏ်ကျခံနေတဲ့ ခိုးမှုလုယက်မှုတရားခံတွေအိမ်းတပ်ပြေးများကိုပင် ပြန်လည်ခေါ်ယူပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ လည်း ဆိုပါတယ်။
ဒီသင်တန်းဆင်းပွဲကို KNDF စစ်ဗျူဟာ-၂ ရဲ့ ဗျူဟာမှူး၊ KNDF ဗဟိုကော်မတီဝင်၊ KNDF BO-2 က တပ်ရင်းမှူးတွေ၊ တပ်ခွဲအသီးသီးကတပ်ခွဲမှူးတွေအိမ်း တာဝန်ရှိသူတွေအ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတယ်လို့ သိရပါတယ်။




























Photo – သံမဏိ