ဒီဇင်ဘာလ (၁၄)ရက်။
ဂန့်ဂေါရဲစခန်းက ရဲတပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF) အမှတ်(၃)စစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဂန့်ဂေါရဲစခန်းက ရဲတပ်သား သုခဆိုသူဟာ ဒီကနေ့ ဒီဇင်ဘာလ (၁၄)ရက် နံနက် (၈)နာရီဝန်းကျင်မှာ ABSDF နဲ့ဆက်သွယ်ပြီး အမှတ် (၁၂)တပ်ရင်း၊ ယောဒေသစခန်းသို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်သား သုခက ၇.၆၂ မီလီမီတာကျည် (၅၀)တောင့်နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ အလင်းဝင်လာတဲ့ ရဲတပ်သား သုခကို လိုအပ်တာတွေ စစ်ဆေးမေးမြန်းနေပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။