နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မောင်တောမြို့မှာ ဌာနဆိုင်ရာ၀န်ထမ်း (၃)ဦးကို စစ်ကောင်စီက ရုံးထဲ အင်အားသုံးပြီး ၀င်ဖမ်းခဲ့

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ ခေတ်မျတ်လုံး။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဌာနဆိုင်ရာ၀န်ထမ်း (၃)ဦးကို စစ်ကောင်စီက အင်အားသုံးပြီး ရုံးထဲ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မောင်တောမြို့နယ်က သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဌာနမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဒုဦးစီး(၁)ဦးနဲ့ အထက်တန်းစာရေး (၂)ဦးတို့ကို ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ(၄)နာရီ (၂၀)မိနစ်က အင်အား(၁၂)ဦးခန့်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရုံးထဲကို ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဌာနဆိုင်ရာ၀န်ထမ်း (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အင်အားသုံး ၀င်ဖမ်းတဲ့ အကြောင်းအရင်းအသေးစိတ်ကိုတော့ ညီနောင်(၃)ဖွဲ့က ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

ဒါ့ပြင် အဲ့ဒီနေ့ နံနက်(၁၁)နာရီခန့်ကလည်း စစ်တွေမြို့က ဒေသခံ (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၁၀၀)နီးပါးအထိ ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 23 Views
ဩဂုတ်လ (၇)ရက်။ စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ဆိုပြီး အမေရိကန်ရီပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့
မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေခဲ့ပြီလို့ စစ်တပ်ထုတ်ပြန်လာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 11 Views
ဩဂုတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးသွားခဲ့ပြီလို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေဟာ
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းမှူးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 15 Views
ဩဂုတ်လ (၇)ရက်။ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာမှာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို ပြောဆိုချက်တွေအရ သိရပါတယ်။ “ အခု သတင်းတွေတက်လာတော့ ကျွန်မထင်ပြီး ဦးလေးဆီလာပြီး သတင်းတင်ထားတာတွေကို ခုချက်ချင်းဖျက်ပေးဖို
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 38 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က နွားထိုးကြီးမြို့ရှိ ကနား-ပြင်စည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီဂာားတစ်စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နေ့လယ် (၃)နာရီ (၁၂)မိနစ်လောက် ပြင်စည်ရွာကိုသွားတဲ့
မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေပြီလို့ စစ်တပ်က ထုတ်ပြန်ပေမယ့် သတင်းအမှားဆိုကာ ဇော်မင်းထွန်းပြန်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 27 Views
ဩဂုတ်လ (၆)ရက်။ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သတင်းအမှားဆိုကာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပြီး အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)မှာ ဆေးကုသနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 33 Views
ဩဂုတ်လ (၆)ရက်။ ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်
မြန်မာသတင်း

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 44 Views
ဩဂုတ်လ (၆)ရက်။ အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခု စစ်ကောင်စီတပ်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊
မြန်မာသတင်း

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 26 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်