ပုဂံဘုရားများ ရေဝင်နေသည့်ပုံ ရိုက်ကူးတဲ့သူတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အဲဒီ ပုဂံဘုရား ရေဝင်နေတာတွေကို ဓာတ်ပုံ ရိုက်ကူးသူတွေကိို လိုက်လံရှာဖွေဖို့ ညောင်ဦးခရိုင်အဆင့် ကနေတိုက်ရိုက် ညွှန်ကြားခဲ့တလို့သိရပါတယ်။
အဲဒီဓာတ်ပုံကိုးအပျော်တမ်း ဓာတ်ပုံဆရာတဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး ယခုအခါစစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေရတယ်လို့သိရပါတယ်။







ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှည့်ကင်းပတ်နေပြီး ဓာတ်ပုံဆရာများနှင့်အတူ ဘုရားစေတီများအနီး တွေ့ရှိသူများ၏ ဖုန်းများကိုလည်း စစ်ဆေးခြင်းများ ပြုလုပ်နေတယ်လို့ ဒေသ ခံများထံက သိရပါတယ်။
လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများက ရေဝင်နေသော ဘုရားစေတီများအား ရေစုပ်ထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Era’sEyes/ဓာတ်ပုံ- CJ