နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက်

အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ

ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက တုံ့ပြန်ပြောဆိုလျက်ရှိကြသည်။

  • လေဘနွန်သမ္မတ ဂျိုးဆက် အွန်(Joseph Aoun) က အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုခဲ့သည်။ လေဘနွန်သမ္မတရုံးက X (ယခင် Twitter) တွင် ပို့စ်တင်ရာ၌ “အကြမ်းဖက်မှုသည် နိုင်ငံများအကြား ပြဿနာများကို ဖြေရှင်းရန် အတွက် ထိရောက်သော နည်းလမ်းမဟုတ်ပါ” ဟု ဆိုကာ “လက်ဘနွန်ပြည်သူများ သဘောတူထားသည့် မူဝါဒများနှင့်အညီ ဒေသတွင်းငြိမ်းချမ်းရေးသည် လက်ဘနွန် နိုင်ငံ အတွက်ပါ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ပုံစံမျိုးဖြစ်စေရန် ဆက်လက် ကြိုးပမ်းသွားမည်” ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
  • အီဂျစ်သမ္မတ အက်ဒယ် ဖာတာအယ်ဆီဆီ (Abdel Fattah al-Sisi )က ဤသတင်း သည် “ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးကို မြတ်နိုးသူ သန်းပေါင်းများစွာအတွက် ကြီးစွာ သော စိတ်သက်သာရာရမှုကို သံသယဖြစ်ဖွယ်မရှိဘဲ ဆောင်ကြဉ်းပေးခဲ့သည်” ဟု X တွင် ရေးသားခဲ့ပြီး “ဤအပြုသဘောဆောင်သည့် တိုးတက်မှုမှတစ်ဆင့် ဒေသတွင်း စစ်ပွဲကို အဆုံးသတ်နိုင်မည့် အမြဲတမ်းသဘောတူညီချက်တစ်ခုဆီသို့ ဦးတည်သွား နိုင်ရန်” ဆုတောင်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
  • ပါလက်စတိုင်းသမ္မတရုံး ကလည်း ဤသတင်းကို ကြိုဆိုခဲ့ပြီး “တည်ငြိမ်မှုရရှိရန် အတွက် အပြုသဘောဆောင်ပြီး အရေးကြီးသည့် ခြေလှမ်းတစ်ခု” ဟု ခေါ်ဆိုခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာန WAFA က ဖော်ပြသည်။ သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) က အပစ်အခတ်ရပ်စဲရေးတွင် “ဂါဇာ၊ အနောက်ဘက်ကမ်း သို့မဟုတ် အရှေ့ဂျေရုဆလင်ဖြစ်စေ၊ အခြေချနေထိုင်သူများနှင့် ကျူးကျော်တပ်ဖွဲ့ များ ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသည့် ပါလက်စတိုင်းနယ်မြေများပါ ပါဝင်ရန်” တောင်းဆိုခဲ့သည်။ ထို့ပြင် “လေဘနွန်အပေါ် ရန်လိုတိုက်ခိုက်မှုများ” ကိုလည်း အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။
  • ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို “ကြိုဆို ကြောင်း” ပြောကြားခဲ့ပြီး “ဒေသတွင်း တင်းမာမှုများ ပြန့်နှံ့မှုကို တားဆီးရန် အတွက် ဤအခြေအနေအပေါ် အခြေခံကာ အရေးပေါ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း” အလေးအနက် ပြောကြားခဲ့သည်။
  • ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း ဤသတင်းကို ကြိုဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် ပါကစ္စတန်ကြားဝင်စေ့စပ်သူများ၏ “အကျိုးရှိသော ကြိုးပမ်းအားထုတ်မှုများ” ကို ချီးကျူးကြောင်း X တွင် ရေးသားခဲ့သည်။
  • အိုမန်နိုင်ငံခြားရေးဝန်ကြီး က “လောလောဆယ်တွင် ကမ္ဘာကြီးသည် ဘေးဒုက္ခဆိုး ကြီးမှ နောက်ဆုတ်သွားနိုင်ခဲ့ပြီ” ဟု ဆိုသော်လည်း ရှေ့ဆက်သွားမည့် လမ်းခရီးတွင် “ပေါ့ပေါ့ဆဆနေရန် နေရာမရှိပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
  • ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုရင်း “ဟော်မုဇ် ရေလက်ကြားကို ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတကာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ကို ကန့်သတ်ချက်မရှိဘဲ သေချာစေရန် အရေးကြီးကြောင်း” အလေးပေး ပြောကြား ခဲ့သည်။
  • ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန က အပစ်အခတ်ရပ်စဲရေး ရရှိရန် ပါကစ္စတန်၏ အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး “ဤကြေညာချက်သည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးမည့် ဘက်စုံပြီး ရေရှည်တည်တံ့သော အဖြေတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း” ဖော်ပြခဲ့သည်။ ထို့ပြင် “ဟော်မုဇ်ရေ လက်ကြားတွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို သေချာစေရန် လိုအပ် ကြောင်း” ကိုလည်း အလေးပေး ပြောကြားခဲ့သည်။

အီရန်စစ်ပွဲတွင် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် တီဟီရန်ရှိ ပြည်သူများက ကြွေးကြော်နေကြစဉ်။ Majid-Asgaripour/Wana News Agency/Reuters (ပုံ)

  စနေနေ့က လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံဘေးတွင် အမျိုးသားတစ်ဦး ရပ်နေပုံ။ Yara Nardi/Reuters(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက