ဆားလင်းကြီးမြို့နယ်မှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မီးရှို့ခံရတဲ့ကျေးရွာ ၃ ရွာအပါအဝင် ကျေးရွာ ၅ ရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆီက သိရပါ တယ်။
မုန်တိုင်းသတင်းကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့လို့ လူအထိအခိုက်မရှိခဲ့ပေမယ့် ရွာတွေထဲမှာ ရေဝင်နေတာကြောင့် ချက်ပြုတ်၊ စားသောက်ဖို့ အခက်ခဲဖြစ် တွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/05/347089101_809340597386861_8431991847463941954_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347085106_3461931303951271_1061266102380460793_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347096513_6043037422491402_5598879531975933794_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/346977095_201443486076536_8130354651100125635_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347020612_1309418719694534_7538644766047363745_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347382241_195217923418193_1891158688343293886_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347089460_1600058267181556_2242505628008843755_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347089101_809340597386861_8431991847463941954_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347085106_3461931303951271_1061266102380460793_n.jpg)
![](https://eraseye.com/wp-content/uploads/2023/05/5d2a6940-f305-11ed-a142-ab0e42bfd9c3.jpg)
စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ထန်းလက်တွေနဲ့ဖြစ်သလို ပြန်တည်ဆောက်ထားရတဲ့ အိမ်တွေပြန်လည်ထိခိုက်ကုန်တာဖြစ်ပါတယ်။ စစ်ဘေးရှောင်နေတဲ့ နေအိမ်အချို့လည်း မုန်တိုင်းကြောင့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အခုလက်ရှိအချိန်မှာ မိုးမရွာတော့ပေမဲ့ ရေတွေကတော့ ရှိနေတုန်းပဲလို့လည်း သိရပါတယ်။၏အကူညီလိုအပ်နေတဲ့သူတွေကို ဒေသခံအချင်းချင်း ပြန်ကူညီနေကြရတယ်လို့သိရပါတယ်။
လက်ရှိ ဆားလင်းကြီးမြို့နယ်မှာ မုန်တိုင်းကာလအတွင်း စစ်ကြောင်းထိုးတာ မရှိပေမဲ့ ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာတော့ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေ မိုးရေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။
Era’sEyes | Photo – CRD