နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Myanmar Politics

Myanmar Politics

အစ္စရေးတို့သည် ပါလက်စတိုင်းများကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုလုပ်နေတာဖြစ်တယ်လို့ ကုလအထူးကိုယ်စားလှယ် Francesca Albanese က ပြော

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ဂါဇာကမ်းမြှောင်ကို ပိတ်ဆို့ထားပြီး ဟားမတ်စ်၏ ထိန်းချုပ်မှုအောက်တွင် ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံအသီးသီးမှ ရောက်ရှိလာသည့် ထောက်ပံ့ရေးပစ္စည်းများသည် နယ်စပ်အပြင်ဘက်တွင် စုပုံထားဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒေသတွင်းမှာ ရေကုန်နေပြီဟု သတိပေးထားပါသည်။


ဂါဇာကမ်းမြှောင်ရှိ လောင်စာဆီ၊ အစားအစာနှင့် ရေပြတ်လပ်မှုကြောင့် ဆေးရုံများလည်း ဆေးကုသနိုင်စွမ်းမရှိတော့လောက်အောင် အဆုံးစွန်ဆုံး ရောက်အောင် တွန်းပို့ခဲ့ပြီး ဂါဇာတွင် နေထိုင်သူများကို ရေဓာတ်ခန်းခြောက်ကာ ငတ်မွတ်စေခဲ့သည်။ အစ္စရေးထိန်းချုပ်မှုအောက်ရှိ နယ်စပ်ရှိ တစ်ခုတည်းသော စစ်ဆေးရေးဂိတ်ဖြစ်သည့် ရာဖာတွင် စုရုံးနေထိုင်ကြပြီး အချို့သော ဒေသခံများသည် အီဂျစ်နိုင်ငံသို့ တိမ်းရှောင်ရန် ကြိုးပမ်းနေကြသည်။

ဂါဇာကမ်းမြောင်ဒေသခံများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မည့်အစီအစဉ်အတွက် အစ္စရေးနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းသို့ ခရီးလှည့်လည်နေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ၁၇ ရက်တွင် ကြေညာခဲ့သည်။ သို့သော်လည်း ရာဖာစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရာဖာစစ်ဆေးရေးဂိတ်ရှိ ဂိတ်များအားလုံးကို ကွန်ကရစ်တုံးများဖြင့် ပိတ်ထားကြောင်း ပါလက်စတိုင်း နယ်စပ်ထိန်းချုပ်ရေး အရာရှိတစ်ဦးက CNN နှင့် အင်တာဗျူးတွင် အောက်တိုဘာလ (၁၄)ရက်နေ့က ပြောကြားခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဘက်ရှိ လမ်းများကို မဖွင့်နိုင်သေးဟု အီဂျစ်အာဏာပိုင်များက ပြောကြားခဲ့သည်။
ပိတ်ဆို့ခြင်းများအပြင် Maxar Technologies မှ ဂြိုလ်တုဓာတ်ပုံများတွင် ဖြတ်သန်းသွားလာမှု မလုပ်နိုင်ရန် ဂိတ်အနီးရှိ လမ်းမပေါ်တွင် (၉) မီတာ အချင်းရှိ အပေါက်လေးပေါက်ကို တွေ့မြင်ရသည်။


အီဂျစ်ဘက်တွင် ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများပေးပို့ရန် လမ်းကြောင်းကို ဖွင့်လှစ်ရန် စောင့်ဆိုင်းနေသည်။

စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် အီဂျစ်သမ္မတနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လမ်းကြောင်းများ မလုံခြုံတော့သည့်အတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် နှောင့်နှေးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပြောရေးဆိုခွင့်ရှိသူက CNN သို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၈၄၀၀၀ ခန့်ရှိပြီး နေ့စဉ် ကလေးများစွာ မွေးနေရသည်ဟု ၎င်းက ပြောပြသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Martin Griffiths သည် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ ၁၇ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ပြောကြားချက်အရ အစ္စရေးသို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။
အီဂျစ်မီဒီယာများ၏ ဖော်ပြချက်အရ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များသည် ၁၇ ရက်အစောပိုင်းတွင် နိုင်ငံအနှံ့အပြားရှိ စစ်ဆေးရေးဂိတ်များသို့ ဦးတည်သွားသည်ကို တွေ့မြင်ရကြောင်း သိရသည်။ နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများသည် လွန်ခဲ့သည့် ရက်အတော်ကြာကတည်းက နယ်စပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ဂါဇာကမ်းမြောင်ဘက်တွင် စုဝေးရောက်ရှိနေသည့် ဒုက္ခသည်အများအပြားတွင် ဆွေမျိုးများထံ အလည်အပတ်ရောက်ရှိနေသော ပါလက်စတိုင်းအမေရိကန်မိသားစုများ ပါဝင်သည်။ လက်နက်ကိုင်ပဋိပက္ခစတင်ပြီးနောက် အိမ်မပြန်နိုင်ဘဲ ရာဖာနယ်စပ်ကို ပြန်ဖွင့်တော့မည်ဟု ကြားသိရပြီးနောက် ကားဖြင့်လာခဲ့သော်လည်း ယခုအခါ ပြန်လည်ဖွင့်လှစ်မည့် အလားအလာမရှိသဖြင့် သောင်တင်နေပါသည်။
ပါလက်စတိုင်း လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် Francesca Albanese က အစ္စရေးတို့သည် ပါလက်စတိုင်းများကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုလုပ်နေသည်ဟု အောက်တိုဘာလ (၁၄) ရက်နေ့က အစ္စရေးကို စွပ်စွဲလိုက်သည်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Erdan က ဤကဲ့သို့ ပြောဆိုခြင်းသည် “ လုံးဝလိမ်ညာခြင်း” ဟု ပြောဆိုလိုက်ပြီး Albanese သည် ဂျူးဆန့်ကျင်ရေးသမားဖြစ်ကြောင်း စွပ်စွဲကာ ပြန်လည်ခြေပခဲ့သည်။
ဓာတ်ပုံ။
ပါလက်စတိုင်း လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် Francesca Albanese

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 110 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 111 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 165 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 111 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 107 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 106 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 109 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု
Myanmar Politics

၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 98 Views
၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ သိန္နီ၊ အောက်တိုဘာ ၃၀ ရက် ၁၀၂၇ စစ်ဆင်ရေးအောက်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၅)