နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်တပ်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အတွင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း အောက်တိုဘာ (၁၇) ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာ (၁၇) ရက်နေ့၊ မနက် ၈ နာရီကျော်လောက်မှာ ကျောက်ကြီးမြို့နယ်အတွင်း ဂျက်လေယာဉ် ၃ စင်းနဲ့ ဗုံး ၂ လုံးကြဲချခဲ့တဲ့အပြင်၊ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး၊ ပြည်သူပိုင် အဆောက်အဦး ၂ လုံးအပြင် နနွင်းခင်းနဲ့ ကန်စွန်းဥ စိုက်ခင်းတို့လည်း ပျက်စီးရတယ်လို့လည်း ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လယ်ဒိုမြို့နယ်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လယ်ဒိုမြို့နယ် အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနဲ့ ခေါလိုကလိုးမူလတန်းကျောင်းများ ယာယီပိတ်ထားရကြောင်း KNU ကဖော်ပြထားပါတယ်။

ဒါပြင် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီလေကြောင်းပျံဝဲမှုတွေ နေ့စဥ်ရှိလာတဲ့အတွက် မြို့နယ်အတွင်းရှိ ကော်သူးလေစာသင်ကျောင်းများ ပိတ်ထားရသလို စက်တင်ဘာလ (၅) ရက်ကလည်း ကျောင်းသားဦးရေ (၃၀၀) ခန့်ရှိတဲ့ လော်မူသောနဲ့ လော်မူပယ်ကျေးရွာ စာသင် ကျောင်းနေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ကျောင်းပြန်မဖွင့်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ များလာတဲ့အတွက် KNU ထိန်းချုပ် နယ်မြေ (၇) ခုထဲမှာ စစ်ဘေးရှောင် ၅ သိန်းထက်မနည်း တိုးလာနေပြီး သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း များလာနေတယ်လို့လည်း လူ့အခွင့် အရေးအဖွဲ့တွေက ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက စာသင်ကျောင်းတွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

လူပျောက်ရှာ‌ဖို့ထွက်လာတဲ့ AA တပ်ဖွဲ့ဝင်တွေကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်၊ AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 10 Views
အောက်တိုဘာလ (၈)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်ခန့်မှာ ဘူသီးတောင်မြို့နယ်ထဲ လူပျောက်ရှာဖို့ထွက်လာတဲ့ AA တပ်ဖွဲ့ဝင်တွေကို ARSA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်တာကို
မြန်မာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားက မြန်မာအရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ RCSS ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 11 Views
အောက်တိုဘာလ (၈)ရက်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာအရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂျာကာတာမြို့မှာ
မြန်မာသတင်း

စစ်အာဏာသိမ်းတာကို တရားဝင်အာဏာအနေနဲ့ အသွင်ပြောင်းဖို့ ရွေးကောက်ပွဲလုပ်တာလို့ NUG ယာယီသမ္မတပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 9 Views
အောက်တိုဘာလ (၈)ရက်။ စစ်အာဏာသိမ်းတာကို တရားဝင်အာဏာအနေနဲ့ အသွင်ပြောင်းဖို့အတွက် ရွေးကောက်ပွဲကို လက်နက်တခုလို အသုံးချတာလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံးနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်နဲ့ မောင်တောမှာ မူဆလင်လက်နက်ကိုင်တွေနဲ့ AA တိူ့ တိုက်ပွဲဖြစ်ပွားခဲ့၊ မူဆလင်လက်နက်ကိုင်တပ်စခန်းတစ်ခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆာ်းရမိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 10 Views
အောက်တိုဘာလ (၈)ရက်။ အောက်တိုဘာလ (၆)ရက်နေ့က ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ARSA နဲ့ RSO မူဆလင်လက်နက်ကိုင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးသီးတောင်မြို့၊ ရွှေထား(မူဆလင်)ရွာရဲ့ အနောက်ဘက် (၄.၉)ကီလိုမီတာအကွာမှာ
မြန်မာသတင်း

ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့၊ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀)ကျော် လက်နက်ချအညံ့ခံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 8 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၈)နာရီအချိန်က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပင်လည်ဘူးမြို့ကို တစ်လကျော်လောက် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားလိုက်တာကြောင့်
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပန မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 9 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နေအိမ်ကနေ သုဿာန်သို့သွားတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို မန္တလေးမြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီနေ့ ဒေါက်ဇော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတာ မြို့လုံးကျွတ်နီးပါးပဲ။ နာရေးယာဉ်တန်းရဲ့ လမ်းဘေးဝဲယာမှာ
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်ထုတ်ပြန်၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 9 Views
ဒေါက်တာဇော်မြင့်မောင်ဟာ အဖိုးတန်မိတ်ဘက်တစ်ဦးလို့ဆို အောက်တိုဘာလ (၈)ရက်။ NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းတဲ့နောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ အကျဉ်းချခံထားရချိန် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ တစတစ
မြန်မာသတင်း

လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ခေါင်းဆောင်က လျှပ်စစ်ရထားပြေးဆွဲဖို့ မဖြစ်မနေလုပ်မယ်လို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 8 Views
အောက်တိုဘာလ (၈)ရက်။ လျှပ်စစ်ရထားပြေးဆွဲဖို့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်မီးကို တရက် (၄)ကြိမ်နဲ့ အချိန်ပိုင်းကန့်သတ်ချက်နဲ့သာ လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ကို စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေတာပါ။