KNU – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းမှာ နယ်မြေကျူးကျော်လာတဲ့ စစ်တပ်နဲ့ KNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွား နေပါတယ်။
အဲဒါကြောင့် ကျေးရွာပေါင်း ၈ ရွာက ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။အဲဒီ ဒေသမှာ မေ ၁၄ ရက် မနက်ပိုင်းက စလို့ စစ်တပ်က နယ်မြေကျူးကျော်ဝင်ရောက် လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုတွေ ပြုလုပ်နေရပါတယ်။









စစ်ကောင်စီ စစ်တပ်က ကျောင်းစု(ပေါ်ပီဒဲ) ကျေးရွာ အတွင်း တပ်စွဲထားပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးပစ်ခတ်မှု တွေရှိတယ်လို့ ထွက်ပြေးတိမ်းရှောင် လာတဲ့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူများမှာ မုန်တိုင်းဒဏ်ကြား အသက်လွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူအရေအတွက်မှာ ကျေးရွာပေါင်း (၈) ရွာရှိ အိမ်ခြေ (၁၇၄၈) အိမ်မှ လူဦးရေစုစုပေါင်း (၈၆၉၆) ဦးခန့် ရှိလာခဲ့တယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Era’sEyes /Photo -KNU