နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်ရှိ စစ်ကောင်စီဂိတ်ကို CDF ဝင်တိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရှိ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် နဲ့ ၁၃ ရက်တို့က
ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုတိုက်ခိုက်မှုမှာစစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့
Chin Defence Force – Mindat က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်းရှိ အပြစ်မဲ့ပြစ်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိနေပြီး အခုလိုအချိန် တွင် မိမိလူမျိုးနှင့် တိုင်းပြည်ကို ကာကွယ်ရမည့်အစား ပြည်တွင်းရှိ အခြားဒေသများနှင့် ပြည်ပသို့ ထွက်ခွာသည့် လူငယ်များ များပြားလျက် ရှိနေသဖြင့် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်) ၏ ခွင့်ပြုချက် မရှိဘဲ ပြည်တွင်း၊ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့များ အကြားရှိ သီမစ်လွင်ပြင်တွင် စစ်ကောင်စီတပ်နှင့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျဆုံးလည်း များခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် မင်းတပ်- မတူပီလမ်းကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ ဇွန် ၆ ရက်နေ့ မှာ CDF- Mindatက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ချင်းပြည်နယ်အတွင်းသို့ ဒေသခံ ချင်းပြည်သူမှလွဲ၍ ပြင်ပခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ-CDF-Mindat တပ်ဖွဲ့ဝင်များ/CDF-Mindat မြို့ပေါ်တပ်ရင်း ၃

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 4 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့
မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို လမ်းမတွေပေါ်မှာ ဖုန်းတွေကို စစ်ဆေးဖမ်းဆီးကာ
မြန်မာသတင်း

တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလား (အပိုင်း ၁)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်နေသလဲ နဲ့ တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလားဆိုတဲ့မေးခွန်းတွေကို ဥပဒေပညာရှင်ဦးအောင်ထူးကို ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၆)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ