မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာမှာ သံဃာတော်တစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၇ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်လူတစ်စုက ကိုင်းမကြီးရွာ ရွာဦး ဘုန်းကြီးကျောင်းကို ရောက်လာပြီး သက်တော် (၇၃) နှစ်ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော် ဦးကုမာရကို ဖမ်းဆီးသတ်ခဲ့တာလို့ ဆိုပါတယ်။
ဆရာတော်ရဲ့ရုပ်အလောင်းကို ရွာအနီးက ဆည်တခုဘေးမှာ ဒီမနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း ပြတ်ရှဒဏ်ရာတွေကို တွေ့ရတယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ဘယ်အဖွဲအစည်းနဲ့မှ ပတ်သက်တဲ့သူမဟုတ်ဘဲ ကျေးရွာမှာ ပုံမှန်နေထိုင်သူဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့် သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုကြပါဝာယ်။